Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဈေးအဆောက်အဦများ ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိသည့်အတွက် ဈေးသည်များ အခက်ကြုံနေရ 

ဖြိုးကြီး။ ဇူလိုင် ၈၊ ၂၀၀၈ 

မုန်တိုင်းဒဏ်သင့်ဒေသမှ ပျက်စီးသွားသည့် ဈေးအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း မရှိ သည့်အတွက် ဈေးသည်များမှာ လမ်းဘေးတွင်ရောင်းချနေရပြီး အခက်အခဲများနှင့် ကြုံတွေ့ နေရလျှက်ရှိသည်။ 

ဘိုကလေးမြို့ပေါ်ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်ဈေးဆိုင်ခန်းများကို ပြန်လည် ဆောက်လုပ်ပေးခြင်းမရှိသည့်အတွက် ဈေးသည်များမှာ လမ်းဘေးတွင် ရောင်းချနေရပြီး စည်ပင်သာယာဝန်ထမ်းများက ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ဒုက္ခရောက်နေရကြောင်း မြို့ခံဈေးသည်တဦးက ပြောဆိုခြင်း ဖြစ်သည်။ 

ဘိုကလေးမြို့ပေါ်ရှိ ဈေးသည်များအခြေအနေနှင့် ပတ်သက်၍ “ဈေးသည်တွေက လမ်းဘေးမှာ ရောင်းနေရတာ၊ သူတို့က နောက်ဆုတ်ပါ ဆိုတော့လည်း ဆုတ်ပြီးတော့ ရောင်းပေးတယ်။ ဒီထက်လည်း ဆုတ်စရာ မရှိတော့ဘူး။ ဒါပေမယ့် မနေ့က လာပြီးတော့ ဒဏ်ငွေတစ်ထောင်စီိုက်သွားတယ်။ စည်ပင်သာယာကိုက်သွားတာ” ဟုမြို့ခံဈေးသည်တဦးက ပြောသည်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နှစ်လကျော်ကြာမြင့်သည့်အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင် များဘက်မှ ဈေးဆိုင်ခန်းများ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသည့်အပြင် ပစ္စည်းများကို ခိုးယူမှုများနှင့်ကြုံတွေ့နေရကြောင်း ၎င်းကဆက်လက်ပြောသည်။ 

“ဈေးကတော့ ဖျက်ထားတာ အခုထိဘာမှ မလုပ်ရသေးဘူး၊ အဲဒီဖျက်ထားတဲ့ ပစ္စည်းတွေကို လည်း ခိုးတဲ့သူတွေက အကုန်ခိုးတာ၊ ဘာမှကို မရှိတော့လောက်အောင်ကို ဖြစ်နေတာ၊ ဘာတခု မှမရှိတော့ဘူး”ဟု မြို့ခံ အခြားဈေးသည်တဦးက ပြောသည်။ 

ထိုကဲ့သို့ ဈေးပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြို့နယ် (မယက) ဥက္ကဌထံသို့ အကြောင်းကြား တင်ပြခဲ့ကြသော်လည်း မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့် ညှိနှိုင်းကာ ဆောက်လုပ်နေကြောင်းပြောဆိုခဲ့ပြီး ယနေ့ထိ လက်တွေ့အကောင်ထည်ဖော်လုပ်ဆောင်နေခြင်း မရှိသေးဟု ဆိုသည်။ 

“မနေ့က သွားပြောတော့လည်း မယက ဥက္ကဌက ဆောင်လုပ်ပြီးပြီဆိုပြီး ပြောတယ်၊ ဘိုကလေး ဈေး၊ (စ)ဈေး၊ (ဆ)ဈေးတွေက ပြင်ကို မပြင်ပေးသေးတာ၊သူတို့က ပြင်ပြီးပြီ ဆိုတဲ့အကြောင်းပဲ ပြောနေတာ၊ တကယ်က ဘာမှ မလုပ်ပေးသေးတာ၊ လမ်းဘေးမှာပဲ ရောင်းစား၊ ဖယိုဖရဲတွေ ဖြစ်ကုန်ကြပြီ” ဟု ဒေသခံဈေးသည် တဦးကပြောသည်။ 

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဈေးသည်များ၏ သားသမီးများအတွက် ကျောင်းတက်ရန် အခက်အခဲများ ကြုံနေရသည့်အပြင် စားဝတ်နေရေးအကြပ်တည်းများနှင့် ရင်ဆိုင်နေရသည်ဟု အလှကုန်ပစ္စည်းများရောင်းချသည့် ဈေးသည်တဦးက ဆက်လက်ပြောသည်။ 

“ကျနော်တို့ ကလေးတွေ ပညာရေးကလည်း ဆိုးပါတယ်၊ ကလေးတွေ ကျောင်းထားဖို့ကို စဉ်းစားလို့ မရသေးဘူး၊ ကျနော်တို့မှာ ဈေးရောင်းမှ စားဝတ်နေရေး ပြေလည်တာ၊ လမ်းဘေး မှာ ရောင်းရတော့ ဒုက္ခရောက်ကြတာပေါ့၊ အဲဒီထဲမှာ မိဘတွေက မကျန်းမာဖြစ်ကြ၊ ကျနော် ဆိုရင် လုံးဝကို မရောင်းနိုင်တော့ဘူး၊ ဒီလိုမိုးရေတွေထဲမှာ ဘယ်လိုမှကို ရောင်းလို့ မရတော့ ဘူး” ဟု ပြောသည်။ 

ဘိုကလေးမြို့ပေါ်ရှိ ပျက်စီးသွားသည့် ဈေးအဆောက်အဦများကို ပြန်လည်ဆောက်လုပ်ရန် အတွက် ထူးထရေးဒင်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး (က)၊ (ခ)၊(ဈ) ဈေးရုံများမှ ဆိုင်ခန်း(၃၀၀) ကျော်ခန့်ကို ဆောက်လုပ်ပြီးစီးသွားသော်လည်း ကျန်ရစ်သည့် ဆိုင်ခန်းများမှာ စည်ပင်သာယာ၏ တားမြစ်မှုကြောင့် ပြန်လည်ဖျက်ပစ်လိုက်ရသည်ဟု ဆိုသည်။ 

“ထူးကုမ္ပဏီကနေပြီးတော့ (ဇ)ဈေးရုံမှာ အရှေ့မျက်နှာစာကို (၇) ပေထိ သူတို့ ထုတ်ပြီးတော့ မိုးပေးတယ်၊ အဲဒါကို စည်ပင်ဦးစီး ကျော်နိုင်လာပြီးတော့မှ (၃) ပေဘဲ ထားရမယ်ဆိုပြီးတော့ လေးပေကို ဖျက်ချသွားတယ်၊ ဈေးသူဈေးသားတွေက ထူးကုမ္ပဏီမန်နေဂျာကို တင်ပြတဲ့အခါ မှာ လာကြည့်ပြီးတော့ ဘာပြောသွားမှန်းမသိဘူး၊ နောက်နေ့လာကြည့်ပြီး ဆိုင်ခန်းတွေ အားလုံး ဖျက်ချလိုက်တယ်” ဟု ဈေးသည်တဦးက ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com