Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

အမေရိကန်က အာစီယံနိုင်ငံများကို စစ်အစိုးရအား ဖိအားပေးရန်ပြောဆို 

ာဏ်မောင်။ ဇူလိုင် ၂၄၊ ၂၀၀၈

မြန်မာပြည်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုးတက်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာစစ်အစိုးရအား ဖိအားပေးတိုက်တွန်းရန် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ယမန်နေ့ အာစီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းဝေးအပြီးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

အာစီယံနိုင်ငံများအနေဖြင့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်ပေးရန်အတွက် စစ်ဗိုလ်ချုပ်ကြီးများကို ဖိအားပေးပြောဆိုရန် အထူးလိုအပ်ကြောင်း ဒေါက်တာရိုက်စ်က ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းတိုးမြှင့်လိုက်ခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း တနင်္ဂနွေနေ့ကထုတ်ပြန်သည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အရေးနှင့်ပတ်သက်၍ အာစီယံအဖွဲ့က ပြောဆိုလိုက်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သံတမန်အသိုင်းဝိုင်းက ဆိုသည်။ 

ဒေါက်တာရိုက်စ်က အာစီယံသည် အဖွဲ့ဝင်နိုင်ငံများကြားတွင် ပိုမိုခိုင်မာတောင့်တင်းသော ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရေးအတွက် အကောင်းဆုံးနည်းလမ်းများဖြစ်သည်ဟု ဆက်လက် ပြောဆိုခဲ့သည်။ 

ယခုလ (၂၂) ရက်နေ့တွင် စတင်ပြုလုပ်သည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦားဏ်ဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ခဲ့ပြီး အာစီယံ ချာတွင် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com