Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လေဘေးဒုက္ခသည်ရံပုံငွေဘောလုံးပွဲ မြန်မာနိုင်ငံတွင် ပြုလုပ်မည် 

ဉာဏ်မောင်။ ဇူလိုင် ၂၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည်များအားကူညီရန် ရံပုံငွေဘောလုံး ပွဲတရပ်ကို မြန်မာ-အာစီယံပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့တွင်ကျင်းပခဲ့သည့် အာစီယံ ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးတွင် နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေရန် အဆိုပြုချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။  

အာစီယံဘောလုံးအဖွဲ့ချုပ်နှင့် အာစီယံမဟာမိတ်များအစည်းအဝေးတွင် နာဂစ်မုန်တိုင်းကြောင့် ဘောလုံးကွင်း၊ အားကစားကွင်းများ ပျက်စီးသွားမှုအခြေအနေများကို ဦးဇော်ဇော်က တင်ပြရာ အာစီယံဘောလုံးအဖွဲ့ချုပ်က ၎င်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ စီစဉ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ အမေရိကန်ဒေါ်လာ ငါးသောင်း လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။  

နိုင်ငံတကာ ဘောလုံးအသင်းများအဖွဲ့ချုပ်(FIFA)ကလည်း ဒေါ်လာတသိန်းနှင့် ကိုးရီးယား ဘောလုံးအဖွဲ့ချုပ်က ဒေါ်လာသုံးသောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားသော ဘောလုံးကွင်းများပြင်ဆင်ရန်နှင့် အဆောက်အဦးများ ပြန်လည် တည်ဆောက်ရန်အတွက် လှူဒါန်းသည်ဟု ဖော်ပြထားသည်။  

စစ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၈၄,၅၃၇) သေဆုံး၍ ယခုထိ (၅၃,၈၃၆) ဦး ပျောက်ဆုံးနေပြီး (၁၉,၃၅၉) ဦး ဒဏ်ရာရရှိခဲ့ကာ များစွာသော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com