|
(၇) ဇူလိုင်
(၄၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်
ရိုးမ
၃။ ဇူလိုင် ၇၊ ၂၀၀၈

ယနေ့ကျရောက်သည့် (၇) ဇူလိုင်အရေးတော်ပုံကြီး၏ (၄၆)
နှစ်မြောက်အထိမ်းအမှတ် အခမ်း အနားတခု ထိုင်း-မြန်မာနယ်စပ်တနေရာတွင်
ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ပူးတွဲ
ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ
သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။
(၇)
ဇူလိုင်အထိမ်းအမှတ်အဖြစ် ကျဆုံးသွားကျသည့် အာဇာနည်များ၊
ကျောင်းသားများအား အလေးပြုကာ (၇) စက္ကန့်ငြိမ်သက်ကာ
ဂါဝရပြုခဲ့ကြပြီးနောက်
၁၉၆၂ ခုနှစ် ကျောင်းသား သမိုင်းဖြတ်သန်းမှု များကို (KNU)
ဗဟိုစည်းရုံးရေးတာဝန်ခံ ဖဒိုစောသမိန်ထောက ပြန်လည် ပြောပြခဲ့သည်။
ယင်းအခမ်းအနားတွင် ၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း၊ ၁၉၇၂
ကျောင်းသားဟောင်းများမှ (၇) ဇူလိုင်စိတ်ဓါတ်နှင့်
သမိုင်းကြောင်းများကို မမေ့ကြရန်နှင့် စစ်အာဏာရှင်အား ဘက်ပေါင်းစုံ မှ
ဆက်လက်တိုက်ပွဲဝင်သွားကြရန်တို့ကို ပြောဆိုခဲ့ကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
ဥက္ကဌ ရဲဘော်သံခဲက “ကျောင်းသားဆိုတာ သတ္တိရှိတယ်၊ ရိုးသားတယ်၊
စည်းကမ်းရှိတယ်၊ လွတ်လပ်ပွင့်လင်းလို တယ်၊ အမြင်ကျယ်တယ်၊
အဖိနှိပ်ခံပြည်သူတွေ ဘက်ကရပ်တည်တယ်၊ တိုးတက်တဲ့အမြင်ရှိ တယ်၊
ခေတ်မှီတယ်၊ အစွန်းရောက်မှုတွေကို ဆန့်ကျင်တယ်၊
ကိုယ့်ကျင့်သိက္ခာမြင့်မားတယ်၊ အလုပ်လုပ်ရာမှာ
စံတန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဇွဲလုံ့လ စိုက်ထုတ်လုပ်ကိုင်သူတွေဖြစ်တယ်၊
ဒါကြောင့်မို့ (၇) ဇူလိုင်သမိုင်းကို ဘယ်တော့မှမမေ့နဲ့” ဟု
ပြောဆိုခဲ့သည်။
ထို့အပြင်
အခမ်းအနားဦးဆောာင်ကျင်းပသည့် အဖွဲ့သုံးခုတို့က ပူးတွဲကြေညာချက်တစောင်
ထုတ်ပြန်ရာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော
မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူလူထု အပေါ် စစ်အစိုးရ၏ ပြုမူဆောင်
ရွက်ခဲ့ပုံတို့သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင် ဖြစ်ကြောင်း
အခိုင်အမာဖော်ပြနေသည်ဟု အဆိုပါကြေညာချက်တွင် ရေးသားဖော်ပြထား သည်။
၎င်းကြေညာချက်တွင်
"(၇) ဇူလိုင် အရေးတော်ပုံစိတ်ဓါတ်ကို
အခိုင်အမာကိုင်စွဲချီတက်ကြ၊ ဒီမိုကရေစီရေးတိုက်ပွဲ မုချအောင်ရမည်၊
စစ်အာဏာရှင်စနစ်ကျဆုံးရမည်"
စသည့် အဓိဌာန်
(၃)ချက်ကိုလည်း
ရေးသားဖော်ပြခဲ့သည်။
ယနေ့ကျရောက်သည့် ဇူလိုင် (၇) ရက်နေ့သည် ရန်ကုန်တက္ကသိုလ်
ကျောင်းသားများသမဂ္ဂ အဆောက်အဦးအား စစ်အာဏာရှင် ဗိုလ်နေ၀င်းစစ်အုပ်စုမှ
ဖောက်ခွဲဖျက်စီးခဲ့ပြီး ကျောင်းသား များ သွေးမြေသို့ကျခဲ့သည်မှာ ၄၆ ပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သည်။ |