Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဘန်ကောက် မြန်မာသံရုံးရှေ့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဆန္ဒပြတောင်းဆို 

ိုးမ ၃။ ဇူလိုင် ၁၉၊ ၂၀၀၈ 

ယနေ့ကျရောက်သည့် (၆၁) နှစ်မြောက်အာဇာနည်နေ့တွင် ထိုင်းနိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများက အခမ်းအနားများကျင်းပ၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက လူအင်အား (၆၀) ကျော် တက်ရောက်ကာ အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်၍နအဖစစ်အစိုးရထံ တိုင်းရင်းသား ပြည်သူလူထု၏လိုလားမှုများကို တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

အခမ်းအနားကျင်းပပုံနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူ ရခိုင်လူငယ်တဦးက “အခုနောက်ဆုံး အစီအစဉ်မှာ လွမ်းသူပန်းခွေတွေချတယ်၊ ခေါင်းဆောင်ကြီးတွေကို အလေးပြုတယ်၊ ကျနော်တို့ တောင်းဆိုတာကတော့ အာဏာရပါတီတွေကို အာဏာလွှဲပြောင်းပေးဖို့ရယ်၊ တကယ်စစ်မှန်တဲ့ အမျိုးသားရေးဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့၊ သမိုင်းအမွေနှစ်တွေ၊ တိုင်းရင်သားအမွေနှစ်တွေ မဖျက်စီးဖို့ အဲဒါတွေကိုတောင်းဆိုတာပါ” ဟုပြောသည်။ 

အဆိုပါအခမ်းအနားကို ရခိုင်လူမျိုးအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများ၊ တသိပုဂ္ဂလပုဂ္ဂိုလ် များ စုပေါင်းပါဝင်ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်သွားခဲ့သည့် ခေါင်းဆောင်များအတွက် စစ်အစိုးရအနေဖြင့် အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ပေးရန်တို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။ 

ထို့အပြင် (၆၁) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တွင်လည်း သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းမှုများပြုလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် များကို အလေးပြုခြင်း အာဇာနည်နေ့အကြောင်းများ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

ယင်းကဲ့သို့ ဇူလိုင် (၁၉) အာဇာနည်နေ့  အထိမ်းအမှတ်ပွဲများကို ဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက နေရာအနှံ့ ကျင်းပပြုလုပ်ခဲ့သော်လည်း နအဖစစ်အစိုးရက ယခင်က နိုင်ငံတော်အခမ်းအနားဖြင့် ပြုလုပ်ခဲ့သည့် အာဇာနည်နေ့ကို ယခုနှစ်မှစတင်ကာ သာမန်အခမ်းအနားပုံစံဖြင့်သာ ပြုလုပ်ကျင်းပခဲ့သည်။ 

ယနေ့ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားသို့ ရန်ကုန်ရှိ နိုင်ငံခြားသုံးများမှ သံတမန် များအား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း အဆိုပါအစီအစဉ်ကို ပြန်လည်ုတ်သိမ်းကာ ရန်ကုန်မြို့ တော်ဝန်ကြီးမှူးသည့် အခမ်းအနားတရပ်ဖြစ်သာကျင်းပရန် စစ်အစိုးရကစီစဉ်ခဲ့သည်။ 

ထိုနေ့မတိုင်မီတွင် အာဏာပိုင်များက ရန်ကုန်တိုင်းမြို့နယ်အချို့မှ အင်န်အယ်ဒီပါတီဝင်များကို ဖမ်းဆီးခြင်းနှင့်အတူ အချို့ပြည်နယ်တိုင်းများတွင်လည်း အခမ်းအနားများ မကျင်းပရန် တားမြစ်မှုများရှိခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com