|
လူကုန်ကူးမှုဖြင့် လူနှစ်ဦးအား
စစ်အစိုးရဖမ်းဆီး
ဗထူး။
ဇန်နဝါရီ ၁၀၊ ၂၀၀၈
အမျိုးသမီး
၎ ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်ပြုလုပ်ခဲ့သူ
လူကုန်ကူးသူနှစ်ဦးအား ပြီးခဲ့ သည့် (၈) ရက်နေ့က စစ်အစိုးရက
ဖမ်းဆီးလိုက်သည်။
ရန်ကုန်တိုင်း။ သံလျှင်မြို့နယ်မှ အမျိုးသမီးငယ် ၄ ဦးကို
ခေါ်ဆောင်လာသည့် အမျိုးသားတဦး နှင့် အမျိုးသမီးတဦးအား
ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ကျော်ကျော်
(ခ) ကျော်ကြီးနှင့် ဇနီးဖြစ်သူ ဥမ္မာ (ခ) ခင်ဥမ္မာတို့နှစ်ဦးအား
သံလျှင်တံတားထိပ်၌ သံလျှင်ရဲတပ်၊ တပ်ဖွဲ့စခန်းမှူး ရဲအုပ်
ဇော်နိုင်အောင်နှင့်အဖွဲ့က သတင်းအရ စောင့်ဆိုင်းရှာဖွေ ဖမ်းဆီးခဲ့သည်ဟု
စစ်အစိုးရထုတ် ကြေးမုံသတင်းစာတွင် ယနေ့ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများအား တရုတ်ပြည်တွင်
အလုပ်အကိုင်ကောင်းများရှိသည်ဟု ဆွဲဆောင်ဖြားယောင်း၍ ခေါ်ဆောင်လာပြီး
တရုတ်လူမျိုး အသက်ကြီးသူ ယောင်္ကျားများနှင့် အတင်းအဓမ္မ
လက်ထပ်ခိုင်းခြင်းနှင့် ရောင်းစားခြင်းများကို လူကုန်ကူးသူများက
ပြုလုပ်လေ့ရှိ သည်။
တရုတ်လူမျိုးတို့၏ ဓလေ့ထုံးစံအရ အမျိုးသားတဦးသည် အိမ်ထောင်ပြုလိုပါက
အဆိုပါ အမျိုးသမီးအား ယွမ်ငွေ (၅၀,၀၀၀) ပေးရသဖြင့် မြန်မာနိုင်ငံမှ
အမျိုးသမီးငယ်များကို ယွမ်ငွေ(၂၀,၀၀၀) ဖြင့် ပေးဝယ်ကြဟု ဆိုသည်။
၂၀၀၅
ခုနှစ်၊ စက်တင်ဘာလကတည်းက မြန်မာနိုင်ငံတွင် တရားမဝင်
လူကုန်ကူးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသော်လည်း အမေရိကန်အစိုးရ၏
လွန်ခဲ့သောနှစ်က နှစ်စဉ်အစီရင်ခံစာတွင် မြန်မာအစိုးရကိုယ်တိုင်
ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ မလေးရှားနှင့် ထိုင်းသို့ လူကုန်ကူးမှုများ
ပြုလုပ် သည်ဟု စွပ်စွဲထားသည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံတွင် လူကုန်ကူးသူ ၃၃ ဦးကို
တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်က တရုတ်နှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူကုန်ကူးသူ ၆၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု
ဆိုသည်။
စစ်အစိုးရက
လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်ကို ပြုလုပ်နေသည်ဟုဆိုသော်လည်း မြန်မာ
နိုင်ငံ နယ်စပ်တလျှောက်
လူကုန်ကူးသည့်လုပ်ငန်းဆောင်ရွက်ရာတွင် လူကုန်ကူးသူများသည်
နယ်စပ်လမ်းတလျှောက်ရှိ သက်ဆိုင်ရာ အာဏာပိုင်များအား လာဘ်ငွေပေးကာ
လုပ်ဆောင်နေ ခြင်းဖြစ်သည်။
ယခုဖမ်းဆီးရမိသော လူကုန်ကူးသူ ဇနီးမောင်နှံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၃၇၀/၃၇၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယနေ့ထုတ်သတင်းစာတွင်
ဖော်ပြထားသည်။ |