Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ ပေးစာတစောင်ရေးသားပေးပို့

ဖြိုးကြီး။ ဇန်နဝါရီ ၁၆၊ ၂၀၀၈ 

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးထံသို့ ယခုလ (၁၅) ရက်နေ့ ရက်စွဲဖြင့် ပေးစာတစောင် ရေးသားပေးပို့ခဲ့သည်။ 

ဂျပန်နိုင်ငံမှ မြန်မာစစ်အစိုးရအား လူသားချင်းစာနာသည့် အကူအညီပေးမည့်အပေါ် ပြန်လည် စီစစ်ရန် အဆိုပါပေးစာ အား ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ဂျပန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖေါက်နေသော စစ်အစိုးရအာဏာပိုင်များ တလွဲအသုံး မပြုနိုင်အောင် ချေးငှားထောက်ပံနေမှုများနှင့် ထိစပ်နေမှုနည်းလမ်းများကို အသေးစိတ် သေချာစွာ စီစစ်ရန်လိုအပ်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့(အာရှဌာနခွဲ) အုပ်ချုပ်မှု ဒါရိုက်တာ ဘရအဒမ်စ်က ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာစာဟီကို ကိုအုမုယထံသို့ လိပ်မူရေးသားထားသော ၎င်းစာ တွင် စက်တင်ဘာကဲ့သို့သော အကြမ်းဖက်မှုများ မြန်မာစစ်တပ်က လူ ၅ သိန်းကျော် ပြောင်းရွှေ့ နေစေမှုများ၊ ရန်ကုန်မြို့နှင့် အခြားဒေသများမှ ထောင်ပေါင်းများစွာသော ပြည်သူများကို အဓမ္မ ရွှေ့ပြောင်းနေစေမှုများ၊ ကလေးသူငယ်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်နေမှုများ အဆုံး သတ်စေရန် ရည်ရွယ်သည်။ 

အထူးသဖြင့် ကလေးသူငယ်များအား အဓမ္မ စစ်မှုထမ်းစေခြင်း၊ ဆိုးဝါးပြင်းထန်စွာ အလုပ်ခိုင်း စေနေမှုများ၊ ရဲတပ်ဖွဲ့ဝင်များက ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်နေမှုများ၊ အိမ်ဖေါ် အလုပ်သမားအဖြစ် ခိုင်းစေရန် လူကုန်ကူးနေမှုများ၊ HIV/AIDS ကဲ့သို့ ဆိုးဝါးသည့် ရောဂါများ ဖြစ်စေသည့် ကျား၊ မ ကလေးသူငယ်များအား အကြမ်းဖက်၍ ကာမဆက်ဆံနေမှုများ အဆုံး သတ်စေရန်တို့ ပါဝင်သည်။ 

၂၀၀၈ ခုနှစ်၊ ဇန်ဝါရီလ (၁၆) ရက်နေ့တွင် ပြုလုပ်မည့် မဲခေါင်-ဂျပန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အဆိုပါပေးစာကို ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org