|
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ
လာရောက်တွေ့ဆုံဟုဆို
ရိုးမ ၃။
ဇန်နဝါရီ ၁၁၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရဘက်မှ တွေ့ဆုံရန် ရန်ကုန်မြို့နေအိမ်မှ
လာရောက် ခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောဆိုသည်။
နအဖစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးရန်
ဝန်ကြီးတဦးအား ခန့်အပ်ထားပြီးနောက်ပိုင်း နေအိမ်မှခေါ်ဆောင်ကာ
စစ်အစိုးရခေါင်းဆောင်အချို့ လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယနေ့နေ့လည်
(၁) နာရီတွင် သူမ၏နေအိမ်မှ စစ်ယာဉ်တန်းများဖြင့် ခေါ်ဆောင်ကာ နှစ်ဖက်
အကြား တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရဘက်မှခန့်အပ်ထားသည့် ဗိုလ်မှူးချုပ်
အောင်ကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များပါ ၀င်နိုင်ဖွယ်ရှိသည်ဟု
နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။
စစ်အစိုးရ၏
တွေ့ဆုံဆွေးနွေးရေးအား အချိန်ဆွဲနေမှုကို ကုလအတွင်းရေးမှူးချုပ်အပါအ၀င်
နိုင်ငံတကာနှင့် ဒေသတွင်း အချို့နိုင်ငံများက ပြင်းထန်စွာ
ဝေဖန်နေချိန်တွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်
လာရောက်တွေ့ဆုံသည်ဆိုသည့် သတင်းကို လူအများ စိတ်ဝင်စား လျှက်ရှိသည်။
မြန်မာစစ်အစိုးရ၏ လုပ်ကိုင်ပုံများကို နိုင်ငံတကာအနေဖြင့်
စိတ်ရှည်သီးခံနိုင်ခြင်းမရှိတော့ ကြောင်း ကုလအတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်းက နိုင်ငံတကာလူ့အခွင့်အရေးနေ့က ဘန်ကောက်တွင် ပြောဆိုခဲ့သည်။
ယခုလ
အစောပိုင်းက စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း
အလည်အပတ်သွားရောက် စဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း
စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများ
စတင်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ |