Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပစ္စည်းများအသိမ်းခံရ၍ ကုန်သည်များအခက်တွေ့

ဗထူး။ ဇန်နဝါရီ ၁၈၊ ၂၀၀၇  

ထိုင်း-မြန်မာနယ်စပ်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်အစိုးရတပ်ဖွဲ့များက သိမ်းဆည်းခဲ့ သဖြင့် မြ၀တီမှ ပြည်တွင်းသို့ ပစ္စည်းတင်သွင်းနေသည့် ကုန်သည်များ အခက်အခဲနှင့် ရင်ဆိုင် နေရသည်။ 

စစ်အစိုးရ၏ နေပြည်တော်တိုင်းလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ကုန်သည်များ တင်ဆောင်လာသည့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို အကြောင်းပြချက်မရှိဘဲ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ 

“ဒီနေ့ပဲ ကုန်သည်တွေ ဒုက္ခရောက်ကြတာ၊ ပါလာတဲ့ကုန်ပစ္စည်း အကုန်သိမ်းတယ်၊ ဘာမှ ပြန်မရဘူး၊ ပစ္စည်းတွေ အသိမ်းခံရတော့ အားလုံးအရှုံးပေါ်နေတယ်။ ခုထိ နေပြည်တော်အဖွဲ့ တွေ ရှိတုန်းပဲ”ဟု မြ၀တီမြို့ခံတဦးက ဆိုသည်။ 

လိုင်စင်မဲ့ ဆိုင်ကယ်၊ ကားနှင့် ကားပစ္စည်းများအပြင် မြ၀တီမြို့ပေါ်ရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ များမှ အမျိုးသမီးငယ်များကို မနက်ဖြန်တွင် စတင်ဖမ်းဆီးရန် စုံစမ်းမှုများပြုလုပ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“မုပ္ပလင်ဂိတ်မှာ ကုန်တင်ကား ၉ စီး ဖမ်းလိုက်တယ်၊ အချိုမှုန့်တွေ၊ အထည်အလိပ်တွေ အကုန်ပဲ၊ ကုန်သည်တွေလည်း မျက်ရည်ကျတဲ့လူ ကျနဲ့ပဲ”ဟု ကုန်သည်တဦးက ဆိုသည်။  

ယခုလာရောက်သည့်အဖွဲ့မှာ မြ၀တီသို့ ပြီးခဲ့သည့် (၁၃) ရက်နေ့က စတင်ရောက်ရှိလာခြင်း ဖြစ်ပြီး နေပြည်တော်တိုင်းတပ်ဖွဲ့၊ နစက၊ မူးယစ်နှိမ်နင်ရေးအဖွဲ့နှင့် ရဲအထူးသတင်းတပ်ဖွဲ့ဝင်များ ပါဝင်ပြီး အင်အား ၁၈၀ ခန့်ရှိသည်ဟု ဆိုသည်။ 

ဗိုလ်မုတ်သုန်ဂိတ်ဟု လူသိများပြီး DKBA အမှတ် (၂) ဂိတ်တွင်လည်း ယနေ့ ကုန်ပ္စည်းများ တင်သွင်းခွင့်မရှိဘဲ လူများသာ ကူးသန်းခွင့်ပြုထားသည်။ 

ယခင်နှစ်များကလည်း မြ၀တီမြို့သို့ နေပြည်တော်မှ တပ်ဖွဲ့များ ရောက်ရှိလာပြီး ယခုကဲ့သို့ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို လိုက်လံဖမ်းဆီးမှုများ ရှိခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org