|
မြန်မာနိုင်ငံပြဿနာများကိုဖြေရှင်းဖို့
စွန့်လွှတ်လိုက်ပြီဟု လီကွမ်ယု ပြောဆို
ဉာဏ်မောင်။
ဇန်နဝါရီ ၈၊ ၂၀၀၇
အာစီယံနိုင်ငံများအနေနှင့်
နအဖစစ်အစိုးရအပေါ် ဆက်ဆံရေး အဆင့်အတန်း လျှော့ချနေသည့်အတွက်
သြဇာလွှမ်းမိုးမှု အနည်းငယ်သာရှိသည်ဟု စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ
လီကွမ်ယုက ပြောကြားခဲ့သည်။
နိုင်ငံတွေ
တည်ငြိမ်တယ်ဆိုတာ နောက်ခံသမိုင်းကြောင်းတွေ ပေါ်မှာ မှုတည်ပါကြောင်း၊
နအဖဗိုလ်ချုပ်ကြီးများသည် အလွန် ကို မပြောင်းလဲချင်သော
သူများဖြစ်သောကြောင့် မြန်မာနိုင်ငံ ပြဿနာကိုဖြေရှင်းရန် သူ့အနေနှင့်
စွန့်လွှတ်လိုက်ပြီဖြစ် ကြောင်း ပြောဆိုခဲ့သည်။
“ကျနော်အနေနဲ့ တစုံတယောက်ရဲ့ ပိတ်နေတဲ့ စိတ်ကို ဖွင့်ပေးရန်ပြောဆိုဖို့
တာဝန်တခုအနေနဲ့ လုပ်ပါတယ်”ဟု အနှစ် (၄၀)မြောက်အရှေ့တောင်အာရှ
လေ့လာရေးအဖွဲ့ တွေ့ဆုံပွဲတွင် မစ္စတာလီက ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရက သံဃာတော်တွေ ငြိမ်းချမ်းစွာဆန္ဒပြမှုကို
အကြမ်းဖက်နှိမ်နင်းပြီးနောက် နိုင်ငံတကာမှ
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပြင်းပြင်ထန်ထန် ဖိအားပေးနေသလို
အနောက်နိုင်ငံများကလည်း စီးပွားရေးပိတ်ဆို့အရေးယူမှုကို
တင်းတင်းကြပ်ကြပ် ဆောင်ရွက် လျှက်ရှိသည်။ ထိုအကြမ်းဖက်နှိမ်နင်းမှုတွင်
လူ ၃၁ ဦး သေဆုံးပြီး ၇၄ ဦး ပျောက်ဆုံးလျှက်ရှိ ကြောင်းကိုလည်း
ကုလသမဂ္ဂက ဆိုသည်။
မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည်
လာမည့်နောက်အပတ်တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့သို့
အလည်အပတ်သွားရောက်၍ သမ္မတ ဆူစီလိုဘမ်ဘမ်း ယူရိုယူနိုနှင့် တွေ့ဆုံပြီး
အင်ဒိုနီးရှားခေါင်းဆောင်များ၏ အကြံဉာဏ်ပေးမည့် အစီအစဉ်များကို
လုပ်ကိုင် ဆောင်ရွက်ရန် အခွင့်အရေးများရရှိမည်ဖြစ်သည်ဟု
နိုင်ငံခြားရေးဝန်ကြီး
ဝီရယူဒက ပြောကြား ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် အာစီယံနိုင်ငံများအတွင်း၌
အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ ခြေဒရွတ် တိုက်ဆွဲ
ပြုပြင်ပြောင်းလဲနေမှုကို ပြင်းပြင်းထန်ထန် ဝေဖန်လျှက်ရှိသည်။
“ကျနော်တို့အနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီရေးလမ်းပြမြေပုံ
အကောင်ထည်ဖော်ရာမှာ ပိုမိုယုံကြည် ရသော လုပ်ငန်းစဉ်များကို
မြင်တွေ့ချင်ပါတယ်”ဟု နှစ်ပတ်လည် နိုင်ငံခြားရေးအစည်းဝေးတွင် ၀ီရယူဒက
ပြောခဲ့သည်။
အိန္ဒိယအစိုးရကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား
ပြောကြားခဲ့သည်။ |