Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်အား ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပြု

ဖြိုးကြီး။ ဇန်နဝါရီ ၃၀၊ ၂၀၀၇ 

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ အစိုးရဧည့်ဂဟာတွင် ပါတီ ခေါင်းဆောင်များနှင့် ယနေ့ နေ့လည်တွင် တွေ့ဆုံခဲ့သည်။ 

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(CEC)များနှင့် တွေ့ဆုံရန် ခွင့်ပြုထားသော အစိုးရ ဧည့်ဂေဟာသို့ ယနေ့ နေ့လည် (၁) နာရီခန့်က စစ်ယာဉ်တန်းဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့က သူမ၏ပါတီမှ ထိပ်တန်းခေါင်းဆောင် ၄ ဦးနှင့် တနာရီခန့် တွေ့ဆုံခွင့်ရရှိခဲ့ပြီးနောက် ဒုတိယကြိမ် ပါတီဝင်များနှင့် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်ဟု စစ်အစိုးရအရာရှိတဦးက ပြောသည်။ 

စက်တင်ဘာလူထုအုံကြွမှုကို ရက်စက်စွာ နှိမ်နင်းခဲ့ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖိအားပေးဆောင်ရွက်နေစဉ် ဤကဲ့သို့ တွေ့ဆုံပွဲကို လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာလှုပ်ရှားမှုအတွင်း အကြမ်းဖက် နှိမ်နင်းရာတွင် လူ ၃၁ ဦးခန့် သေဆုံးကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂမ်ဘာရီသည် ဆန္ဒပြ နေစဉ်ကာလအတွင်း ပြည်ဝင်ခွင့်  (၂) ကြိမ်သာရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် စစ် ခေါင်းဆောင်များအကြား ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ရန်အတွက် ကြိုးပမ်းအားထုတ်ရန် ဒီဇင်ဘာလက တတိယအကြိမ် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံရာ ရရှိခြင်းမရှိခဲ့ပေ။ 

၁၉၉၀ ခု ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံလုံးကျွတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်လျှက်ရှိပြီး တနိုင်ငံလုံးစီပွားရေးမှာလည်း ပျက်စီးခဲ့သည်။ 

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၂ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး ယခင်အပတ်အတွင်းက တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၁၅ နိုင်ငံက  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး အတိုက်အခံများနှင့် အမှန်တကယ် တွေ့ဆုံဆွေးနွေးရေးရန် စစ်အစိုးရကို တိုက်တွန်းရန် ဆုံးဖြတ်ချက်ချခဲ့သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org