|
ပီနံဆရာတော်
ထိုင်း-မြန်မာနယ်စပ်ရောက်ရှိ
ရိုးမ ၃။
ဇန်နဝါရီ ၁၄၊ ၂၀၀၈
နိုင်ငံတကာသို့ လှည့်လည်သာသနာပြုခဲ့သည့် မလေးရှားနိုင်ငံ၊
ပီနန်မြို့ကျောင်းမှ ဆရာတော် သည် ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့
ရောက်ရှိလာသည်။
စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့
တိမ်းရှောင်လာသည့် သံဃာတော် များ၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်
ကြွချီခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညနေက
ထိုင်း-မြန်မာနယ်စပ်ရှိ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးတွင် နယ်စပ်အခြေ
စိုက် အဖွဲ့အစည်းများ၊ အလုပ်သမားများနှင့် တွေ့ဆုံကာ
တရားဟောကြားခဲ့သည်။
ဆရာတော်သည်
စက်တင်ဘာလှုပ်ရှားမှုအပြီးတွင် ဖွဲ့စည်းသည့် သာသနာ့ဥသျှောင် အပြည်ပြည်
ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး
ယခုခရီးစဉ်တွင် အဆိုပါ အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ အင်္ဂလန်နိုင်ငံမှ
ဆရာတော် ဦးဥတ္တရလည်း ပါဝင်ခဲ့သည်။
“ဆရာတော်တို့လာတာကတော့
သန်းနဲ့ချီရှိတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ချင်တာရယ်၊ နောက်
စက်တင်ဘာနောက်ပိုင်း ရောက်လာတဲ့ သံဃာတွေ၊ လူပုဂ္ဂိုလ်တွေကို
တွေ့ဆုံပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက်
ဖြည့်ဆည်းပေးဖို့ပါ” ဟု ပီနန်ဆရာတော်ကြီး အရှင်ဘဒ္ဒန္တပညာဝံသက မိန့်သည်။
သက်ဆိုင်ရာ
အစိုးရ၊ အင်ဂျီအိုများ၊ အသင်းအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးကာ
ထိုင်း-မြန်မာ နယ်စပ်ရောက် သံဃာများ၏ လိုအပ်နေသည့် အခက်အခဲများကို
တိုင်ပင်ကာ ကူညီဖြေရှင်းသွား မည်ဟု ဆရာတော်က ဆက်၍မိန့်ဆိုသည်။
သာသနာ့ဥသျှောင်အဖွဲ့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင်
စက်တင်ဘာ လှုပ်ရှားမှုနောက်ပိုင်း သာသနာပေါ်ကျရောက်လာသော
ဘေးအန္တရာယ်များကို ပြည်ပရောက် သာသနာပြုဆရာတော်များမှ
ဝိုင်းဝန်းစောင့်ရှောက်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဆရာတော်အား
ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် ၁၉၂၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)
ရက်နေ့တွင် မွေးဖွားခဲ့ပြီး (၁၄) နှစ်သားအရွယ်မှစတင်ကာ သာသနာ့ဘောင်သို့
ဝင်ရောက်ခဲ့သည်။ ဆရာတော်သည် မလေးရှား၊ စင်္ကာပူ၊ အမေရိကန်၊ သြစတေးလျ၊
ကနေဒါ၊ နယူးဇီလန်နိုင်ငံ များတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ
တည်ထောင်၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ |