Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကြပ်ပြေးနေပြည်တော်အနီး ဘူတာရုံတွင် ဗုံးပေါက်ကွဲ လူတဦးသေ

ဗထူး။ ဇန်နဝါရီ ၁၁၊ ၂၀၀၈ 

ပျဉ်းမနားဘူတာရုံတွင် ယနေ့နံနက်က အငယ်စားဗုံးတလုံး ပေါက်ကွဲခဲ့ရာ လူတဦးသေဆုံး ခဲ့သည်။ 

ပျဉ်းမနားမြို့နယ်အတွင်းရှိ စစ်အစိုးရရုံးစိုက်ရာမြို့တော် နေပြည်တော်အနီးတွင် ပထမဦးဆုံး အကြိမ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

ယနေ့နံနက် (၄) နာရီတွင် ပျဉ်းမနားဘူတာရှိ အများသုံးအိမ်သာအတွင်းမှ ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးတဦး သေဆုံးသွားခဲ့ပြီး ပေါက်ကွဲသံကို ပတ်ဝန်းကျင်မှကြားခဲ့ရသော်လည်း အပျက်အစီး နည်းပါသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် မကြာခဏ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုအား စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ယခုဗုံးပေါက်ကွဲမှုမှာ ပထမအကြိမ် ဖြစ်သည်။ 

ရန်ကုန်-ပျဉ်းမနား ခရီးစဉ်တွင် စစ်ဆေးမှုများ အထူးကြပ်မတ်ထားသည့်ကြားမှ ယခုဗုံးပေါက်ကွဲ မှုကြောင့် ယနေ့နံနက်က ဘူတာရုံတွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်ဟုဆိုသည်။ 

စစ်အစိုးရအနေဖြင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်သည့်အခါ ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများအား စွပ်စွဲပြောဆိုခဲ့ရာ ယခုပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သည်ကိုမူ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org