Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒပြမှုများဆက်လက်ဖြစ်မည်ဟု ဟောကိန်းထုတ်

ဉာဏ်မောင်။ ဇန်နဝါရီ ၂၁၊ ၂၀၀၈ 

ရန်ကုန်မြို့မှ ဗြိတိသျှသံအမတ်ကြီး မာ့ခ်ကင်နင်း (Mark Canning) က လာမည့်ရက်များ အတွင်း မြန်မာနိုင်ငံတွင် စစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားလိမ့်ဦးမည်ဟု ခန့်မှန်း ပြောဆိုခဲ့သည်။ 

လွန်ခဲ့သောအပတ်က ရန်ကုန်မြို့တွင် လူ ၅၀ ခန့်က သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ဂရုမစိုက်ဘဲ စွန့်စွန့်စားစားဖြင့် စစ်အစိုးရအား ကန့်ကွက်ဆန္ဒပြခဲ့မှုအပေါ် မူတည်၍ သံအမတ် ကြီးက ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်တပ်အင်အားဖြင့် ရက်စက်စွာ ဖြိုခွင်းမှုကြောင့် နယ်အသီးသီးသို့ လျှို့ဝှက်စွာ ထွက်သွားကြရသော ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှ ရဟန်း သံဃာတော်များ ပြန်လည်ရောက်ရှိလာသည့် အခြေအနေပေါ် မူတည်၍ “ရှေ့ဆက်လည်း ဒီဆန္ဒပြပွဲတွေကို မြင်ရလိမ့်ဦးမယ်။ နစ်နာမှု(တောင်းဆိုချက်)တွေလဲ ဘာမှမရသေးဘူး”ဟု ဆိုသည်။

“လွန်ခဲ့သော ၅ လလောက်က မြင်ရတဲ့ အရေအတွက်လောက်ကို အခု လမ်းတွေပေါ်မှာ ပြန်မြင် နေရပါပြီ။ နယ်၊ ကျေးရွာတွေကို အဓမ္မပြန်ပို့ခံရတဲ့ သူတွေနဲ့ အဖမ်းခံရတဲ့(အရိုက်ခံ) အရေအတွက်လောက်တော့ ပြန်ရှိနေနိုင်ပါပြီ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး မက်(ဂ်)မွန်းကလည်း ယခုအပတ်အတွင်း ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနှင့်အတူ တရုတ်ပြည်သို့ အလည်အပတ်သွားရောက်စဉ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း အဆိုပါကိစ္စများကို ထည့်သွင်းပြောကြားခဲ့သည်။ 

“မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်ပြည်သည် အရေးကြီးသော အခန်းကဏ္ဍမှာ ရှိနေပါ တယ်”ဟု သူမက ပြောခဲ့သည်။ 

လွန်ခဲ့သော ဆယ်စုနှစ်များကျော်ကျော်က တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အတွက် ခေတ်မီ လက်နက်များ အကူအညီပေးခဲ့သဖြင့် နဂိုရှိရင်းစွဲထက် စစ်တပ်အင်အား နှစ်ဆခန့် တိုးမြင့်လာ ခဲ့ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org