|
(၆၉)ကြိမ်မြောက်
ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ပြုလုပ်
ရိုးမ ၃။
ဇန်နဝါရီ ၈၊ ၂၀၀၇

ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ
မယ်တော် ဆေးခန်းတွင် ယနေ့နံနက်က ပြုလုပ်ကျင်းပခဲ့သည်။
ကရင်အမျိုးသားများ၏ အထိမ်းအမှတ်နေ့ဖြစ်သည့် နှစ်သစ်ကူးပွဲတော်များကို
နှစ်စဉ်မပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ထိုင်းနိုင်ငံသို့
ရောက်ရှိနေသည့် ကရင်အမျိုးသားများက စုပေါင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ယနေ့အခမ်းအနားကို ယခင်နှစ်များအတိုင်း ဒုံးယိမ်းအကများဖြင့်
ဖျော်ဖြေတင်ဆက်ခွင့်မရခဲ့ သော်လည်း ကရင်အမျိုးသား
ကျောင်းသားကျောင်းသူများနှင့် လူငယ်များအပါအ၀င် ဧည့်ပရိသတ် ၂၀၀၀ ကျော်
တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားများအပါအ၀င် မြန်မာပြည်သူလူထုအားလုံး လွတ်လပ်မှုနှင့်
ငြိမ်းချမ်းမှုများ မရှိသေးသောကြောင့် စည်းစည်းလုံးလုံးဖြင့်
ဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း နှစ်သစ်ကူးအခမ်းအနားတွင်
ဒေါက်တာစင်သီယာမောင်က ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်ဒေသရှိ
ဒုက္ခသည်စခန်းများနှင့် ကရင် အမျိုးသားတပ်မတော်(KNLA)
ထိန်းချုပ်ရာနယ်မြေများတွင်လည်း ယနေ့ အသီးသီးကျင်းပခဲ့ကြ သည်။
“ကရင်တမျိုးသားလုံး နိုင်ငံရေးအရ နိုးကြားကြဖို့၊
စိတ်ဓါတ်ခိုင်မာကြဖို့ နောက် စည်းလုံးညီညွတ် ကြဖို့ ဒါ
အရေးကြီးတယ်ဆိုတာ ပြောချင်တယ်။ လာမယ့်နှစ်မှာ ရန်သူရဲ့ ထိုးစစ်တွေကို
ရင်ဆိုင် ရတော့မယ်ဆိုတော့ ထိုးစစ်တွေကို ကြံ့ကြံ့ခံ
ရင်ဆိုင်သွားနိုင်ဖို့နဲ့ မြန်မာပြည်တပြည်လုံးက ရှိသမျှအင်အားစုတွေကို
စုစည်းပြီးတော့ တိုက်ပွဲပုံသဏ္ဌာန်ပေါင်းစုံနဲ့ နိုင်ငံရေးအပြောင်းအလဲ
ဖြစ်လာအောင် ကရင်အမျိုးသားတွေအပိုင်းကလည်း သူတို့ပါဝင်တဲ့ အခန်းကဏ္ဍကနေ
ပါဝင် ကြဖို့ ပြောချင်တယ်”ဟု ကရင့်အမျိုးသားအစည်းအရုံး(KNU) မှ
အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာက ပြောဆိုခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း (KNU)နယ်မြေများကို စစ်အစိုးရက ထိုးစစ်ဆင်မှုများ
ပြုလုပ်နေသဖြင့် ကရင်အမျိုးသားများအကြား၊ တိုင်းရင်းသားများအကြား
စစ်အစိုးရ၏ ဖြိုခွဲနေမှုကို အထူးသတိ ထားရန် ဆက်လက်ပြောဆိုခဲ့သည်။
မြန်မာပြည်တွင်းတွင်လည်း ယနေ့တွင် စစ်အစိုးရဖိနှိပ်မှုအောက်မှ
ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်များကို ပိတ်ပင်ထားသည့်ကြားမှ
ကျင်းပပြုလုပ်ကြသည်။ |