Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရုတ်က ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား
အလည်အပတ်လာရမည့်ရက် သတ်မှတ်ရန် စစ်အစိုးရကိုတိုက်တွန်း

ဉာဏ်မောင်။ ဇန်နဝါရီ ၂၃၊ ၂၀၀၈ 

တရုတ်နိုင်ငံက ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် စစ်အစိုးရကို အင်္ဂါနေ့က တိုက်တွန်းလိုက်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်အမျိုးသမီး ဂျီအန်ယု(Jiang Yu) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနဲ့ သူရဲ့ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ကျွန်မတို့ ထောက်ခံပါတယ်။ ကျွန်မတို့အနေနဲ့ မစ္စတာ ဂမ်ဘာရီ လုပ်ကိုင်ဆောင်ရွက်နိုင်လိမ့် မယ်လို့ မျှော်လင့်သလို မြန်မာစစ်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံသို့ အလည်အပတ်လာရမဲ့ ခရီးစဉ်အတွက် အချိန်ဇယားလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု သူမက ဆိုသည်။  

မစ္စတာ ဂမ်ဘာရီက ယခုလအတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့လည်း သွားရောက်လည်ပတ် ပြီး မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံနေကြသော နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း လိုချင်သည်ဟု ဆိုသည်။  

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်စားလှယ် စေလွှတ်ခဲ့သော ဒုတိဝနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တရုတ်ပြည် နိုင်ငံတော်ကောင်စီဝင် တန်ဂျီဇောင်း(Tang Jiaxuan)တို့ တနင်္လာ နေ့က ပီကင်းတွင် တွေ့ဆုံပြီးနောက် ယခုသတင်း ထွက်ပေါ်ခြင်းဖြစ်သည်။  

တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၁၅ နိုင်ငံက  မြန်မာပြဿနာနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးနှင့် အတိုက်အခံများနှင့် အမှန် တကယ် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုက်တွန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ 

သို့သော်လည်း  စီးပွားရေးပတ်ဆို့မှု အရေးယူရန်အတွက်ကိုမူ မြန်မာနိုင်ငံတွင် သစ်လုပ်ငန်းနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်နိုင်ငံအနေနှင့် စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ဖိအားပေးခြင်းဖြင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်မည်မဟုတ် ကြောင်းကို အင်္ဂါနေ့က ထပ်မံပြောဆိုခဲ့သည်။ 

“ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ (ကာယကံရှင်နှစ်ဦး) တန်းတူညီမျှမှုနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိမယ့် ကိစ္စတွေအပေါ်မှာ အခြေခံပါတယ်။ တတိယအဖွဲ့(ကြားခံ)တို့ရဲ့ ဆောင်ရွက်ချက်ပေါ်မှာ မှီခိုနေမှုမရှိပါဘူး”ဟု သူမက ဆိုသည်။ 

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို အကျိုးရှိသော ကြိုးပမ်းဆောင်ရွက်ရမည့် အမြင်များကို ပေးသင့်တယ်။ အပြုသဘောတည်ဆောက်ရမယ့် အကူအညီများ ပေးသင့်တယ်။ ဒီပြဿနာတွေနှင့်ပတ်သက်လို့ စီးပွားရေးပိတ်ဆို့ခြင်း ဖိအားပေးဆောင်ရွက်နေခြင်းဖြင့် ဖြေရှင်း နိုင်မဲ့ အကူအညီရလိမ့်မယ်လို့ မထင်ပါဘူး”ဟု ပြောရေးဆိုခွင့်အမျိုးသမီး ဂျီအန်ယုက ဆက်လက်ပြောဆိုခဲ့သည်။ 

မြန်မာစစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရမှ တရားဝင် သတင်းထုတ်ပြန်မှုမရှိသလို သံတမန်အသိုင်းအ၀ိုင်းကလည်း ထိုလုပ်ဆောင်ချက်နှင့် ပတ်သက်၍ “တရုတ်ရဲ့ သြဇာသက်ရောက်မှုဆိုတာကလည်း အကန့်အသတ်နဲ့ပါ။ အချို့သော အကြံဥာဏ်များနဲ့ အကူအညီအချို့ကိုသာ ပေးနိုင်၊ လုပ်နိုင်ပါတယ်။ မျှော်လင့်ချက် သိပ်မထား ပါနဲ့လို့” အာစီယံသံတမန်တဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org