|
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစတင်ရန် စစ်အစိုးကို
အိန္ဒိယတိုက်တွန်း
ဉာဏ်မောင်။
ဇန်နဝါရီ ၃၊ ၂၀၀၇

မြန်မာစစ်အစိုးရအား အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ
စတင်ရန်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်
စတင်လုပ်ဆောင်ရန် အိန္ဒိယအစိုးရက တိုက်တွန်း လိုက်သည်။
အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ အလည်အပတ်ရောက်ရှိနေသော
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အား ဗုဒ္ဓဟူးနေ့က အိန္ဒိယဝန်ကြီးချုပ်
မန်မိုဟန်ဆင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီလုပ်ငန်းစဉ်ကို နေအိမ်တွင် အကျယ်ချုပ်ကျခံနေရသော
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် များစွာသော
တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် လူမှုကဏ္ဍများအားလုံး ကို အခြေခံပြီး
ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ကြရမည်” ဟု
အစိုးရပြောရေးဆိုခွင့် ရှိသူက ထုတ်နှုတ်ဖော်ပြခဲ့သည်။
စက်တင်ဘာသံဃာလှုပ်ရှားမှုအား စစ်အစိုးရက
အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အိန္ဒိယ အစိုးရက ယခုကဲ့သို့
ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လမ်းပန်းဆက်သွယ်ရေး
စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဘိုးခန့်
ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းများရှိနေပြီး ယခင်ကလည်း
စစ်လက်နက်ပစ္စည်းများရောင်းချရန် စီစဉ်မှုများ၌ ဥရောပသမဂ္ဂ(EU)၏
ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။
မြန်မာစစ်အစိုးရအား စစ်လက်နက်ပစ္စည်းများ ရောင်းချမှုကို
ရပ်တန့်ထားခဲ့သည်ဟု အိန္ဒိယ အစိုးရက တရားဝင်
ထုတ်ပြန်မှုမပြုလုပ်ခဲ့သော်လည်း အမေရိကန်သံတမန်အသိုင်းအဝိုင်းက
အဆိုပါသတင်းကို အတည်ပြုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဘက်ဒေသဖြစ်သော ဘင်္ဂလာ့းဒေ့ရှ်နယ်စပ်
ကုန်သွယ်ရေးဂိတ်ကိုလည်း ယခုလကုန်ပိုင်းက ပိတ်ထားလိုက်သည်။
ဒီဇင်ဘာလ
(၂၉) ရက်နေ့၊ နေ့လည်က မြန်မာနိုင်ငံသား ၂ ဦးဖြစ်သော ရခိုင်တယောက်၊
ရိုဟင် ဂျာတယောက်ကို သက်ဆိုင်ရာအာဏာပိုင်တို့၏ ခွင့်ပြုချက်မရယူဘဲ
နယ်စပ်ဂိတ်ပတ်ဝန်းကျင် ဧရိယာဒေသကို ဗီဒီယိုရိုက်ကူးသယ်ဆောင်လာသည့်အတွက်
ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၂
ဦးမှာ မောင်စည်သူအေး (အသက် ၂၅ နှစ်၊ အဖ-ဦးအေးလွင်၊ (၃) ရပ်ကွက်၊
မောင်းတောမြို့နယ်)နှင့် ဘိုဒီအူလ်အခမ် (အသက် ၂၂ နှစ်၊ အဖ-ဦးအလီအာမက်၊
(၅)ရပ်ကွက်၊ မောင်းတောမြို့နယ်)တို့ဖြစ်ပြီး သူတို့သည်
(နစက)သတင်းပေးများဖြစ်သည်ဟု ယူဆရကြောင်း နယ်စပ်ဂိတ်အာဏာပိုင်များက
ဆိုသည်။
၎င်းတို့ ၂
ဦးအား ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်၍
မြန်မာနိုင်ငံနယ်စပ်လုံခြုံရေးအဖွဲ့(နစက)က ဘင်္ဂလားဒေ့ရှ်သို့
တင်ပို့နေသော ဆန်၊ သစ်၊ နွား၊ ဆိတ်နှင့် အခြားပစ္စည်းများကို
တင်ပို့ခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ု |