Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အဓမ္မအလုပ်ခိုင်းစေခံရသည့် အကျဉ်းသားများ ထွက်ပြေး

ဉာဏ်မောင်။ ဇန်နဝါရီ ၂၊ ၂၀၀၈ 

အကြပ်-ရန်ကုန် အဝေးပြေးလမ်းမအတွက် အဓမ္မအလုပ်ခိုင်းစေခံနေရသော အကျဉ်းသားများ ဒီဇင်ဘာ (၂၈) ရက်ညက သူတို့အလုပ်နေရာ အကျဉ်းစခန်းမှ ထွက်ပြေးကြသည်။ 

စစ်အစိုးရက အဆိုပါအကျဉ်းသားများအား အဝေးပြေးလမ်းဖောက်လုပ်ရာတွင် အဓမ္မလုပ်အား ပေး စေခိုင်းခြင်းကြောင့် ယခုကဲ့သို့ တိမ်းရှောင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ အကျဉ်းထောင်အသီးသီးမှ ပြီးခဲ့သည့် ဒီဇင်ဘာလတတိယအပတ်အတွင်းက ခေါ်ဆောင်ခဲ့သည့် အကျဉ်းသား ၁၅၀ ကို လမ်းဖောက်လုပ်ရာတွင် စေခိုင်းနေခြင်းဖြစ်သည်။ 

အကျဉ်းသားများသည် လမ်းဖေါက်လုပ်ရေးလုပ်ငန်းကို ဒီဇင်ဘာ (၂၀) ရက်ကတည်းက စတင် လုပ်ကိုင်နေရပြီး လုံခြုံရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်လျက် ရှိသည်ဟု ဒီဇင်ဘာ (၂၃) ရက်နေ့ထုတ် ကုလားတန်သတင်းဌာနတွင် ဖေါ်ပြထားသည်။ 

ထွက်ပြေးလွတ်မြောက်သူ ၃ ဦးမှာ-

(၁) ဦးနိုင်ရွှေ (၄၂ နှစ်)၊ အကျဉ်းသားအမှတ် (၃၇၁)၊ မွန်ပြည်နယ်၊ သထုံမြို့မှ ဖြစ်ပြီး လူသတ်မှု ဖြင့် ထောင် ၇ နှစ်ကျခံရကာ ထောင်တွင်း ၃ နှစ် ကျခံပြီးဖြစ်သည်။

(၂) ဦးသန်းဌေး (၃၇ နှစ်)၊ အကျဉ်းသားအမှတ် (၂၀၅)၊ ပဲခူးတိုင်း၊ ပဲခူးမြို့မှဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆ နှစ်ကျခံရကာ ၄ နှစ်ကျော် ပြစ်ဒဏ်ကျခံပြီး ဖြစ်သည်။

(၃) ဦးအုန်းမြိုင် (၃၉ နှစ်)၊ အကျဉ်းသားအမှတ် (၂၂၀)၊ ပဲခူးတိုင်း၊ ပဲခူးမြို့မှဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆ နှစ်ကျခံရကာ ၄ နှစ်ကျော် ပြစ်ဒဏ် ကျခံပြီး ဖြစ်သည်။  

“လုံခြုံရေးတာဝန်ခံ တပ်ကြပ်ကြီး ချစ်ထွန်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ၎င်းကိစ္စ အတွက် စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားပြီး သူ၏ပေါ့ဆမှုအတွက် အပြစ်ပေးခံရလိမ့်မယ်”ဟု လုံခြုံရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။  

ယခင်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမ ဖောက်လုပ်ရာတွင်လည်း အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ အစားအသောက်အနည်းငယ်သာ ကျွေးမွေးခြင်း၊ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်း၊ ငှက်ဖျားရောဂါနှင့် ၀မ်းရောဂါများကြောင့် ထောင်ပေါင်းများစွာသော အကျဉ်းသားများ သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org