Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာ့အရေးကို အားပေးသည့် The Durgas တေးဂီတအဖွဲ့
မဲဆောက်မြို့တွင် သီဆိုဖျော်ဖြေ

ဖြိုးကြီး။ ဇန်နဝါရီ ၆၊ ၂၀၀၈

 

The Durgas တေးဂီတအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) တွင် ယမန်နေ့ညပိုင်းက သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။ 

မြန်မာ့အရေး တက်ကြွစွာဆောင်ရွက်ခြင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဆာသူးလေ မြန်မာစာသင်အထက်တန်းကျောင်းနှင့် မယ်တော်ဆေးခန်းတို့တွင်လည်း ဖျော်ဖြေပွဲများ ပြုလုပ် ခဲ့သည်။ 

အဆိုပါဖျော်ဖြေရေးအဖွဲ့သည် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုကို နားလည်စာနာစိတ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း (AAPP)မှ ကိုတိတ်နိုင်က ဆိုသည်။ 

“ဒီအဖွဲ့ဟာ တရားမျှတတဲ့ကိစ္စကို ပြချင်တာဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ဆီမှာ လာဖြေဖျော် တာကတော့ ထောင်ထဲမှာ အကျဉ်းကျစဉ်က စိတ်ပိုင်းဆိုင်ရာဖိနှိပ်ခံခဲ့ရတဲ့ အကျဉ်းသားတွေရဲ့ စိတ်ကို ပျော်ရွှင်အောင်လည်း လုပ်ပေးတဲ့သဘောပါ”ဟု ဆိုသည်။ 

ထို့နေ့သို့ တက်ရောက်အားပေးခဲ့သည့် ပရိတ်သတ်များတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့် ၄င်းတို့၏မိသားစုဝင် အများအပြား တက်ရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်း အသီးသီးမှ စိတ်ဝင်စားသူများလည်း ပါဝင်ခဲ့ကြသည်။ 

အဆိုပါဖျော်ဖြေရေးအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဖန်ငဒေသတွင် ကလေးငယ်များအတွက် ရံပုံငွေရရှိရေး သီဆိုမှုများကို ယခုလပိုင်းအတွင်းပြုလုပ်ခဲ့ပြီး HIV/AIDS ရောဂါဝေဒနာရှင်များ အတွက်လည်း လှည့်လည်ဖျော်ဖြေခဲ့သည်။ 

“အထူးသဖြင့်တော့ ဗမာပြည်သူတွေအတွက်ဖြစ်ပြီး စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်မှာ ရောက်ရှိနေ တာကို ကျနော်တို့ ကိုယ်ချင်းစာမိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဒီနေ့ ကြုံတွေ့နေတာကို ကျနော်တို့အနေနဲ့ များစွာ ကိုယ်ချင်းစာမိတယ်၊ တကယ်တော့ ဂျာမဏီကိုယ်၌ကကို မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ပြတ်သားမှုမရှိဘူးလို့တော့ ပြောချင်တယ်”ဟု ဖျော်ဖြေရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူက ဆိုသည်။ 

ယနေ့ခေတ်မီဒီယာသည် စွမ်းအားတခုဖြစ်ပြီး လှည့်လည်ဖျော်ဖြေရသည့်အတွက် လူအများ ပိုမို သိရှိလာနိုင်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ စိတ်ဝင်စားသူ ကမ္ဘာနှင့်အ၀ှမ်း သိရှိလာသူ များပြား လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

The Durgas အဖွဲ့ကို ၁၉၈၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးအမည်မှာ Peace love and Anti-Intervention ဖြစ်သည်။ ရရှိလာသော ရန်ပုံငွေများကို NGO အဖွဲ့စည်းများကို ထောက်ပံ့ခြင်း၊ မိဘမဲ့ဂေဟာ၊ HIV/AIDS ဝေဒနာရှင်များအတွက် အသုံးချခဲ့သည်။၂၀၀၄ ခုနှစ် က ထိုင်းနိုင်ငံတွင် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့နှင့် ပူးပေါင်းပြီး ပထဆုံးအကြိမ် လာရောက် ဖျော်ဖြေခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သည်။ 

အဆိုပါနေ့ဖျော်ဖြေပွဲကို ထောင်အတွင်းတွင်ရေးစပ်ခဲ့သော သီချင်းဖြင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများမှ သီဆိုကာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အဆိုပါအဖွဲ့၏ သီဆိုမှုများဖြင့် အဆုံးသတ် ခဲ့သည်။        

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org