|
မြန်မာနိုင်ငံနှင့်ပတ်သက်၍ သုံးနိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်
ဉာဏ်မောင်။ ဇန်နဝါရီ ၂၅၊ ၂၀၀၈
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာရိုက်သည် ဗြိတိသျှနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
များနှင့်အတူ လက်ရှိမြန်မာနိုင်ငံအခြေအနေအပေါ် ယနေ့ ပူးတွဲကြေညာချက်
ထုတ်ပြန်လိုက် သည်။
မြန်မာစစ်အစိုးရ၏
လူ့အခွင့်အရေးချိုးဖေါက်နေမှုများ ရပ်တန့်ရန်နှင့် တိုင်းပြည်တွင်
အရပ်သား အုပ်ချုပ်ရေးသို့ ပြန်လည်ပြောင်းလဲရန် တကမ္ဘာလုံးမှ
ဖိအားပေးကြရန် တိုက်တွန်းလိုက်ကြောင်း ကို ဆွစ်ဇာလန်နိုင်ငံ၊
ဒါဗို့စ်ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်
သည်။
လွန်ခဲ့သော စက်တင်ဘာလအတွင်း
စစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်သူများကို ရက်ရက်စက်စက်
နှိမ်နင်းမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှလည်း ပထမဆုံးအကြိမ်
ပြစ်တင်ရှုံ့ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံး
လွှတ်ပေးရန်နှင့် အတိုက်အခံအုပ်စု များနှင့် အမှန်တကယ်
တွေ့ဆုံဆွေးရေးပြုလုပ်ရန် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား ရက်သတ်
မှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ
ထောက်ပံ့နေသော တရုတ်နိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏
အရေးယူဆောင်ရွက်နေမှု ပိုမိုထိရောက်စေရန် သူ၏ လက်နက်
တင်ပို့ရောင်းချထောက်ပံ့နေမှုကို လိုက်လျောညီထွေစွာ
ရပ်ဆိုင်းထားရမည်ဟုဆိုသည်။
၎င်းဒါဗို့စ်ကြေညာချက်တွင်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက်ရိုက်စ်၊ ဗြိတိသျှနိုင်ငံခြားရေး
ဝန်ကြီး ဒေးဗစ် မီလီဘန်းနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
ဘားနက်ကော့ခ်ျနာတို့က စစ်အစိုးရ အား ယခုအတိုင်း ဆက်မလုပ်ရန်ု
အဓိကပြောခြင်းဖြစ်သည်။
ဒါဗို့စ်ဖိုရမ်တွင် တက်ရောက်သော
အဖွဲ့အစည်းအသီးသီးမှ ကမ္ဘာ့ခေါင်းဆောင်များသို့လည်း
“မြန်မာစစ်အာဏာပိုင်များအနေဖြင့် ဒုက္ခခံစားနေကြရသော
မြန်မာပြည်သူတို့နှင့်အတူ ခြားနားမှု မရှိဘဲ တသားတည်းဖြစ်နေလျှင် ကမ္ဘာမှ
(အပြစ်ပေးအရေးယူဆောင်ရွက်မှုများ) ဘာမှလုပ်ရန် မလို” ဟု
ထည့်သွင်းဖေါ်ပြထားသည်။ |