Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သဘာဝဓါတ်ငွေ့တွေ့ရှိ၍ ဒေသခံများ စိုးရိမ်နေရ

ဉာဏ်မောင်။ ဇန်နဝါရီ ၂၈၊ ၂၀၀၇ 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်းတောမြို့နယ်တွင် ယခုလ (၂၃) ရက်နေ့က သဘာဝဓါတ်ငွေ့ ထပ်မံတွေ့ရှိခဲ့သဖြင့် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။ 

သဘာဝဓါတ်ငွေ့တွေ့ရှိခဲ့သဖြင့် ကျေးရွာများပြောင်းရွှေ့ရခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများကို စစ်အစိုးရက ပြုလုပ်လာမည်ဖြစ်သဖြင့် ယခုကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

မောင်းတောမြို့နယ်၊ ဘောလိဈေးအရှေ့တောင်ဘက် ၂ မိုင်အကွာ၊ မြောက်ချောင်း(မိုးရိခေါင်) ကျေးရွားအနီးတွင် စက်ရေတွင်းတူးဖော်နေသည့် ပြင်သစ် NGO အဖွဲ့တခုဖြစ်သော ACF အဖွဲ့မှ အဆိုပါသဘာဝဓါတ်ငွေ့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်ရေတွင်းတူးနေစဉ် ညနေ (၃) နာရီခွဲခန့်အချိန်တွင် အနက်ပေ ၁၂၀ အောက်အရောက် အသံအချို့ကြားရပြီး ဓါတ်ငွေ့များ ကန်ထွက်လာခြင်းဖြစ်သည်။ ထွက်လာသော ဓါတ်ငွေ့များကို ဝန်ထမ်းများက မီးရှို့စမ်းသပ်ကြည့်ရာ မီးဆက်လက်လောင်ကျွမ်းသဖြင့် သဘာဓါတ်ငွေ့များ ဖြစ်သည်ကို သိရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ဒေသခံကျောင်းဆရာတဦးက ဆိုသည်။ 

ဇန်နဝါရီလ (၂၆) ရက်နေ့က ဘူးသီးတောင်မြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နည်းဗျူဟာ မှူးတဦးက အဆိုပါအတွင်း၏အခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သဘောဝဓါတ်ငွေ့များတွေ့ရှိရကြောင်း (နစက)စစ်ကြောင်းမှူးက  အထက်ဌာနသို့ ဆက်လက် အစီရင်ခံထားပြီး တူးလက်စ စက်ရေတွင်းလုပ်ငန်းများကို ယခုအခါ ရပ်တန့်ထားခဲ့သည်။ 

ဒေသခံရွာသားများက ကျေးရွာအား တခြားနေရာသို့ ပြောင်းရွှေရမည်ကို စိုးရိမ်ကာ စိတ်ပျက် အားငယ်နေကြသည့်အပြင် လယ်မြေများ အသိမ်းခံရပြီး အာဏာပိုင်များက အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆိုသည်။ 

စစ်အစိုးရအနေဖြင့် မြန်မာပြည်အတွင်း ကမ်းလွန်နှင့် ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့တွင်းများ အမြောက်အများတွေ့ရှိခဲ့ရာ ဒေသခံကျေးရွာများအား အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းနှင့် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများကို အစဉ်တစိုက် ပြုလုပ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org