Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရန်ကုန်ဘူတာကြီးဗုံးပေါက်ကွဲမှုကြောင့် လူတဦးဒဏ်ရာရ

ဖြိုးကြီး။ ဇန်နဝါရီ ၁၄၊ ၂၀၀၈ 

ရန်ကုန်ဘူတာကြီး ရထားလက်မှတ်ရုံတွင် ယမန်နေ့၊ နေ့လည် (၂) နာရီခန့်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့သည်။ 

နေပြည်တော်အနီး ပျဉ်းမနားဘူတာရုံတွင် ပြီးခဲ့သည့်သောကြာနေ့က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

နေပြည်တော်အနီး ပျဉ်းမနားဘူတာတွင် ဗုံးပေါက်ကွဲမှုကြောင့် အသက် (၄၀) နှစ်အရွယ် ကရင် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ 

မြန်မာစစ်အစိုးရအရာရှိတဦးက ထိုဗုံးပေါက်ကွဲမှုကို မှန်ကန်ကြောင်းအတည်ပြုပြောခဲ့သော် လည်း အသေးစိတ်မသိရသေးကြောင်းနှင့် ယခု နောက်ဆုံးဗုံးပေါက်ကွဲခြင်းနှင့် ပတ်သက်၍ အစိုးရအနေဖြင့် မည်သည့်မှတ်ချက်မျှ ပေးခြင်းမရှိသေးကြောင်း ထိုအရာရှိကပင် ဆက်လက် ပြောကြားခဲ့သည်။ 

ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်  သောကြာနေ့ညက ဆပ်ကပ်ပြပွဲအတွင်း ဗုံးပေါက်ကွဲ သောကြောင့် (၄) နှစ်သားအရွယ် ကလေးငယ်တဦးအပါအ၀င် အခြားအရပ်သား (၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားတဦး သေဆုံးခဲ့သည်။ သေဆုံးသူတွင် အခြားဖေါက်ခွဲရေး ပစ္စည်း ၂ ခုနှင့် ကျည် အတောင့် ၂၀ တွေ့ရှိပြီး အခြားတဦးမှာ ထွက်ပြေးရန်ကြိုးစားနေစဉ် ဖမ်းဆီးရမိကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိသော်လည်း စစ်အစိုးရသည် အတိုက်အခံအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအား စွပ်စွဲလျှက်ရှိရာ ယခုတကြိမ်တွင်မှု KNU အဖွဲ့ဟု ယူဆရကြောင်း (၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲရေးသားထားသည်။ 

ထိုဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ထောက သူတို့နှင့် မသက် ဆိုင်ကြောင်း တနင်္ဂနွေနေ့က မှတ်ချက်ပေးပြောဆိုခဲ့ပြီး အရပ်သားများအား တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍လည်း အတိုက်အခံအဖွဲ့များက ငြင်းဆိုလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org