|
စစ်အစိုးရက
ပြည်တွင်းဘလော့ဂ်များကို ထပ်မံပိတ်ပင်
ဖြိုးကြီး။ ဇန်နဝါရီ ၂၁၊ ၂၀၀၈
မြန်မာစစ်အစိုးရက ပြည်တွင်း၌
အလွယ်တကူအသုံးပြုနိုင်သော ဘလော့ဂါများ၏ ဘလော့ဂ် များကို မကြာခင်
ရက်ပိုင်းအတွင်းက ပိတ်ပင်လိုက်သည်။
စက်တင်ဘာလူထုလှုပ်ရှားမှုကို အကြမ်းဖက်
ဖြေရှင်းခဲ့သော စစ်အစိုးရ၏လုပ်ရပ်များကို ၎င်း ဘလော့ဂ်များအား အသုံးပြု၍
ကမ္ဘာကသိအောင် သတင်းပေးပို့ခဲ့သဖြင့် နောက်ထပ် ဤကဲ့သို့ အဖြစ်မျိုး
မဖြစ်စေရန်အတွက် ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များ၏ အမိန့်ဖြင့် မြန်မာ့ကြေနန်းနှင့်
စာတိုက်ဝန်ကြီးဌာနက နံမည်ကြီး ဘလော့ဂ်ဆိုက်တခုဖြစ်သည့် (www.blogger.com)ကို
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပိတ်လိုက် ခြင်းဖြစ်ပြီး
၎င်းတို့ထိန်းချုပ်ထားသော အခြားအင်တာနက်လုပ်ငန်းတခုဖြစ်သည့် ပုဂံ အင်တာ
နက် ဝက်ဆိုက်ကိုလည်း အမြဲပိတ်ထားလေ့ရှိသည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလက ရဟန်း၊
သံဃာတော်များ ဦးဆောင်သော “ရွှေဝါရောင် တော်လှန်ရေး” တွင်
မြန်မာနိုင်ငံမှ ဘလော့ဂါများသည် ၎င်းဝက်ဆိုက်ကို အသုံးပြု၍
ကျယ်ကျယ်ပြန့်ပြန့် သတင်းပေးပို့ဖြန့်ဝေခဲ့မှုကြောင့် နိုင်ငံတကာမှ
သိရှိလာပြီး မြန့်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး
အကောင်ထည်ဖော်နိုင်ရန်အတွက် စစ်အစိုးရကို ဖိအားပေး မှုများ
ပိုမိုလုပ်ဆောင်လာကြခြင်းဖြစ်သည်။ |