|
စံပြကျေးရွာသားများအတွက် ဒေသခံများထံ
အတင်းအဓမ္မ ငွေကြေးကောက်ခံ
ဖြိုးကြီး။
ဇန်နဝါရီ ၂၉၊ ၂၀၀၈
ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်တွင် အာဏာပိုင်များအမိန့်ဖြင့်
ငွေကြေးများ အတင်းအကြပ် လိုက်လံကောက်ခံလျှက်ရှိသည်။
မောင်းတောမြို့နယ်ရှိ (ရယက)အဖွဲ့ဝင်များက ယခုလ (၃၀) ရက်နေ့တွင်
အခြေချနေထိုင်ရန် အသစ်ရောက်ရှိလာမည့် စံပြကျေးရွာသားများအတွက်
ဒေသခံရွာသားများထံမှ ရံပုံငွေများ ကောက်ခံနေခြင်းဖြစ်သည်။
စံပြကျေးရွာသစ်များအနီး ပတ်ဝန်းကျင်ရှိ ပန်းတိုပြင်၊ ပကိုးနား၊
ဒူးချာရာတန်၊ ညောင်ချောင်း၊ အလီနှင့် သန်းကျော်ရွာတို့မှ တရွာလျှင်
ကျပ်တစ်သိန်းခွဲနှုန်းသတ်မှတ်၍ (ခယက)မှ အဓမ္မ ကောက်ခံလျှက်ရှိသည်။
“မောင်းတောမြို့၊ မြူနီစီပယ်ဧရိယာအတွင်းရှိ ရပ်ကွက် ၆ ခုမှ
(ရယက)ဥက္ကဌများကို ခရိုင် (ခယက)မှ ခေါ်ယူ၍ ရပ်ကွက်တခုလျှင်
ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (ခယက)ရံပုံငွေအဖြစ် ပေးသွင်းဖို့
အမိန့်ထုတ်ထားတယ်” ဟု ဒေသခံတဦးက ဆိုသည်။
အာဏာပိုင်တို့နှင့်နီးစပ်သော အသိုင်းအဝိုင်းက ယခုရောက်ရှိလာမည့်
လူအသစ်များကို အိမ် ထောင်စုတစုလျှင်
၂၅၀၀၀ိ/-(ကျပ်နှစ်သောင်းခွဲ)နှုန်းဖြင့် ထောက်ပံ့ကြေးပေးရန်ဖြစ်သည်ဟု
ဆိုသည်။
ရောက်ရှိလာမည့်သူများသည် (၁၄) ဖွဲ့မြောက် လာရောက်အခြေချ
နေထိုင်ကြမည့်သူများဖြစ်ပြီး အိမ်ထောင်စု ၁၂၀ စု ပါဝင်ကာ
မောင်းတော-အလီ-သန်းကျော် ကားလမ်းတလျှောက်ရှိ စံပြ ကျေးရွာအသစ်များတွင်
အခြေချနေထိုင်ကြမည့်သူများ ဖြစ်ကြသည်။ ထိုသူများသည် လွန်ခဲ့သော
နှစ်ရက်ကတည်းက ပင်လယ်ကူးသဘောင်္များဖြင့် ရန်ကုန်မှ
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ |