Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာစစ်အစိုးရ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ စာပေဂီတအနုပညာရှင်များ သဘောထားကြေငြာချက်ထုတ်ပြန်

ဖြိုးကြီး။ ဇန်နဝါရီ ၃၊ ၂၀၀၇ 

မြန်မာစာပေဂီတအနုပညာရှင်များကို စစ်အစိုးရအာဏာပိုင်များက လိုက်လံဖမ်းဆီးမှု ပြုလုပ်မှု များနှင့်ပတ်သတ်၍ စာပေဂီတအနုပညာရှင်များက ဒီဇင်ဘာလ (၂) ရက်နေ့တွင် သဘောထား ကြေငြာချက်တစောင် ထုတ်ပြန်ကြေငြာခဲ့သည်။ 

စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုကာ စစ်အစိုးရက စာပေဂီတ အနုပညာရှင်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာသံဃာ့တော်လှန်ရေးအတွင်း ဂျပန်သတင်းထောက် ကင်ဂျိနဂါအိကို စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ (၃) လအတွင်း မြန်မာသတင်းစာ၊ စာနယ်ဇင်းသမား များကို အဆက်မပြတ် ရာနှင့်ချီ၍ ဖမ်းဆီးမှုများကို ပြုလုပ်လျှက်ရှိသည်။ 

စစ်ထောက်လှန်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဒီမိုကရေစီရေးဆန္ဒပြမှုများကို နှိမ်နှင်းနေသည့် ပုံများနှင့်ပတ်သက်၍ စာနယ်ဇင်းဓါတ်ပုံဆရာများကို လိုက်လံဖမ်းဆီးပြီး သတင်းစာနယ်ဇင်း သမား ၁၀ ဦးကို ရိုက်နှက်မှုများ၊ စာနယ်ဇင်းအယ်ဒီတာများကိုလည်း အတင်းအဓမ္မ နှုတ်ထွက် ခိုင်းမှုများ ပြုလုပ်ခဲ့သည်။  

ထို့အပြင် သတင်းထောက် ဇော်သက်ထွေး၊ ကာတွန်းဆရာ အော်ပီကျယ်နှင့် စာရေးဆရာ ဖေမြင့်တို့အပါအ၀င် သတင်းစာနယ်ဇင်းသမား ၁၀ ဦးခန့်ကို ပုံနှိပ်ထုတ်ဝေခွင့်နှင့် အင်တာဗျူး လုပ်ဆောင်မှုများကို ပိတ်ပင်ခဲ့သည်။ နိုင်ငံခြားမီဒီယာများသို့ ဆက်သွယ်လုပ်ကိုင်နေကြသော စာနယ်ဇင်းသမားများသည်လည်း ၎င်းတို့၏ လုပ်ငန်းသုံးပစ္စည်းများကို စွန့်ပစ်ပြီး ထွက်ပြေး တိမ်းရှောင် နေကြရသည်။  

သတင်းစာနယ်ဇင်းသမားနှစ်ဦးကိုလည်း ရုံးတင်တရားစွဲဆိုခြင်းမရှိပဲ ဖမ်းဆီးထားသည့်အပြင် သတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် စာနယ်ဇင်းသမား ၆ ဦးသည် ယခုလက်ရှိ ထောင် ကျခံနေရဆဲဖြစ်သည်။ 

၎င်းလုပ်ရပ်များနှင့်ပတ်သတ်၍ စာပေဂီတအနုပညာရှင်များအနေဖြင့် စစ်အုပ်စုအလိုကျ ဆောင်ရွက်နေမှုမှန်သမျှကို ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းတို့နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်မည်ဖြစ်ကြောင်းကို ထိုကြေငြာချက်တွင် ဖော်ပြထားသည်။ 

စက်တင်ဘာလနောက်ပိုင်း ဖမ်းဆီးမှုအစပိုင်းများအတွင်းကတည်းက သတင်းစာ၊ စာနယ်ဇင်း သမား၊ စာပေအနုပညာရှင် အနည်းဆုံး ၉ ဦးသည် နောက်ထပ် ဖိနှိပ်မှုများခံရမည်ကို စိုးရိမ် သဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org