|
ဒီမိုကရေစီရေးအတွက်လှုပ်ရှားခဲ့သူများကို လွှတ်ပေးရန်
အမေရိကန်မှတောင်းဆို
ဉာဏ်မောင်။ ဇန်နဝါရီ ၃၀၊ ၂၀၀၈
ဒီမိုကရေစီရေးလှုပ်ရှားခဲ့သည့်
ကျောင်းသားခေါင်းဆောင် များကို ရုံးတင်တရားစွဲဆိုမှုနှင့် ပတ်သက်၍
မြန်မာစစ်အစိုးရကို အမေရိကန်မှ အပြစ်တင်လိုက်ပြီး အမြန်ဆုံး
ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာစစ်အစိုးရအနေနှင့်
အမျိုးသားပြန်လည်သင်ြ့မတ်ရေး အတွက် ဟန်ပြ
ကြိုးပမ်းအားထုတ်နေခြင်းသာဖြစ်ပြီး ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ယနေ့ ထပ်မံတောင်းဆိုလိုက်ခြင်း
ဖြစ်သည်။
“အမေရိကန်အစိုးရအနေနဲ့ သူတို့၏
ယုံကြည်ချက်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသကြ သော ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအဝင်
မြန်မာနိုင်ငံမှ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်သူ ၁၀ ဦးကို
ရာဇဝတ်မှုဖြင့် ရုံးတင်ပြီး ဖိအားပေးရန် အာဏာပိုင်တို့၏ဆုံးဖြတ်ချက်ကို
ပြစ်တင်လိုက်ပါတယ်” ဟု အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ
ဒုတိယပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီ(Tom Casey) က ကြေညာချက်တွင်
ဖေါ်ပြထားသည်။
၎င်းကြေညာချက်သည်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ တိုးမြှင့်
ဆောင်ရွက်ရန် အာဏာပိုင်များက ငြင်းပယ်နေမှုကို
ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
လူနည်းစု
တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရက်တစ်ခေါင်းဆောင်များနှင့်
တွေ့ဆုံဆွေးနွေး ရန် အချိန်သတ်မှတ်ပြီး အဓိပ္ပါယ်ရှိသော
ဆောင်ရွက်ချက်များ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီအရပ်သားအစိုးရ
ထွက်ပေါ်ရေးအတွက် ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်ဟု
မစ္စတာ ကေစီက ဆက်လက်ပြောဆိုခဲ့သည်
ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင် (၄၅ နှစ်) နှင့်
ကိုကိုကြီး (၄၆ နှစ်)တို့ကို တရားမဝင် ပုံနှိပ်ထုတ်ဝေခွင့်
ချိုးဖေါက်မှုဖြင့်စွဲဆိုကာ ထောင်ဒဏ် ၇ နှစ်ထိ ကျခံရဖွယ် ရှိပြီး
၎င်းတို့ကို ဖမ်းဆီးပြီးနောက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်သော
စက်တင်ဘာ အရေးအခင်းကြီး ဖြစ်ပေါ်လာပြီး စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့်
လူ ၃၁ ဦး သေဆုံးခဲ့သည်။ |