|
အမျိုးသမီးရေးရာအဖွဲ့ဝင်တဦး၏ ခင်ပွန်းသည်က အနှိပ်ခန်းများဖြင့်
စီးပွားရှာ
ဗထူး။ ဖေဖော်ဝါရီ ၅၊ ၂၀၀၈
ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့ဝင်
အမျိုးသမီးတဦး၏ခင်ပွန်းသည် ဗိုလ်မှူးတဦးက ရန်ကုန် မြို့တွင် နိုက်ကလပ်အနှိပ်ခန်းများ ထူထောင်ကာ စီးပွားဖြစ်နေသည်။
ရန်ကုန်မြို့တွင်
“အင်ပါယာ”အမည်ဖြင့်
ဘီယာဆိုင်၊ နိုက်ကလပ်၊ စားသောက်ဆိုင်နှင့် အနှိပ်ခန်း များ ဖွင့်ကာ
ဗိုလ်မှူး စိုးမင်းထက်ဆိုသူက စီးပွားရှာလုပ်ကိုင်နေခြင်းဖြစ်သည်။
“သူ့အမျိုးသမီးက
ရန်ကုန်တိုင်းအမျိုးသမီးရေးရာအဖွဲ့က ဒေါ်ခင်စောရီလေ၊
ဒေါ်ခင်သက်ထွေး နောက်က လိုက်နေရတာ။ မိန့်ခွန်းရေးတာတို့၊
အစီရင်ခံစာရေးတာတို့ အားလုံးလုပ်ပေးရတာ။ အလုပ်အမှုဆောင်ထဲမှာ ပါတယ်ထင်တယ်”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။
ဗိုလ်မှူးစိုးမင်းထက်မှာ
ပို့ဆောင်ရေးဝန်ကြီးဌာနမှဖြစ်ပြီး နိုက်ကလပ်၊ အနှိပ်ခန်းများဖွင့်လှစ်ကာ
အမျိုးသမီးငယ်များစွာဖြင့် စီးပွားရှာနေပြီး ယခုအခါတွင် ရန်ကုန် City
Hotel ၌ အနှိပ်ခန်းကြီး တခုဖွင့်ရန်
စီစဉ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“အမျိုးသမီးရေးရာက
အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ထားတာလည်း ဆိုသေး တယ်။
ခု ယောက်ျားလုပ်သူက ဒီလုပ်ငန်းတွေနဲ့ စီးပွားရှာနေတယ်ဆိုတာတော့
ကြားလို့တောင် မကောင်းဘူး” ဟု မြို့ခံက ဆိုသည်။
အဆိုပါ အင်ပါယာအမည်ဖြင့်
ဆိုင်ခန်းများဖွင့်လှစ်ထားသည့် ရင်းနှီမြှုပ်နှံမှုမှာ ကြီးမားလှပြီး
ဗိုလ်မှူးတဦးအနေဖြင့် အဆိုပါငွေများကို မည်သည့်နေရာမှရသည်မှာ စိတ်ဝင်စားစရာကောင်း သည်ဟု
၎င်းက
ဆက်လက်ပြောဆိုသည်။
“အမျိုးသမီးတွေကို ဆက်ဆံဖို့ကတော့
ဟိုတယ်ကို ညွှန်ပေးတယ်။ ဆိုင်ကနေတဆင့်ပေါ့။ အဲဒီမှာတော့ ကလေးမလေးတွေ
အများကြီးပဲခင်ဗျ။ စစ်ဆေးရေးတွေလာပြီဆိုရင် နောက်ထဲမှာ ဖွက်ထားတယ်။
ကောင်မလေးတွေက ၁၆၊ ၁၇၊ ၁၈ အရွယ်လောက်ပဲ ရှိတယ်။ ၂၀
ကျော်လေး တွေလည်း ရှိတယ်”ဟု အဆိုပါဆိုင်သို့
သွားရောက်ခဲ့ဖူးသူတဦးက ဆိုသည်။
ပြည်သူအများစုမှာ စီးပွားရေးကြပ်တည်းနေကြပြီး
စစ်တပ်အသိုင်းအ၀ိုင်းသာ အဆင်ပြေကာ စီးပွားရေးလုပ်ငန်းများတွင်
ယူနီဖောင်းဝတ်များသာ နေရာယူထားကြကြောင်း
၎င်းက ဆက်ပြောသည်။
စစ်တပ်အတွင်းမှ ဗိုလ်ကြီးအဆင့်ဖြင့် ရာထူးပြုတ်သွားခဲ့သည့် အရာရှိများလည်း
သူတို့ သက်ဆိုင်ရာ လူကြီးများကို အမှီပြုကာ အများစုမှာ အနှိပ်ခန်းဖွင့်လှစ်သည့် လုပ်ငန်းများ လုပ် ကိုင်ကြသည်ဟု ဆိုသည်။
“အခြေခံလူတန်းစားတွေက
ငွေးရေးကြေးရေးကြောင့် မလွှဲသာမရှောင်သာလို့ လုပ်နေရတယ် လို့ပဲ မြင်တယ်။
အရမ်းငတ်ပြတ်လာတဲ့သူ များလာတဲ့အခါကြတော့ ဒီလိုလုပ်ငန်းပဲ
အမျိုးသမီး ငယ်လေးတွေ လုပ်နေရတာပါ၊ စိတ်မကောင်းစရာပါ၊
သွားကြည့်ရင် ပိုသိနိုင်မှာပါ”ဟု ဆိုသည်။ |