Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်သည်ဟုဆို

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၈၊ ၂၀၀၇ 

အသစ်ဖွဲ့စည်းလိုက်သော ထိုင်းအစိုးရက စစ်တပ်အုပ်ချုပ်နေသော မြန်မာ့နိုင်ငံနိုင်ရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်သည့်အပြင် ဒီမိုကရေစီဆိုသည်မှာ ပြည်တွင်းရေးတခုသာဖြစ် ကြောင်း ပြောကြားလိုက်သည်။ 

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအသစ် နော့ပဒွန်ပက်တာမက ကြာသပတေးနေ့တွင် ပထမဆုံး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ 

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို ဘာတွေလုပ်သင့်တယ်လို့ ပြောနိုင်တဲ့ အရှင်သခင်မဟုတ်ပါ ဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့အချုပ်အခြာအာဏာကိုလည်း လေးစားရပါမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးဆိုတာလဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတခု သာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် ကူညီမယ်ဆိုရင် အာစီယံမူဝါဒဘောင်အတွင်းကသာ လုပ်ကိုင်ဆောင်ရွက်မှာဖြစ်တယ်”ဟု နော့ပဒွန်က ပြောဆိုခဲ့သည်။ 

အသစ်ရွေးချယ်တင်မြှောက်ခံရသော အစိုးရအဖွဲ့သစ်အနေနှင့်  အိမ်နီးချင်းအာစီယံနိုင်ငံများနှင့် အတူ လက်တွဲပြီး အထူးသဖြင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ခြင်း၊ ရွှေ့ပြောင်းလုပ်သား များ တရားမဝင် နေထိုင်လုပ်ကိုင်ခြင်းကိစ္စများကို အဓိကထား လုပ်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီရေးလူထုလှုပ်ရှားမှုကို ရက်စက်စွာ နှိမ်နင်း ခဲ့ခြင်းကြောင့် ကုလသမဂ္ဂအစီရင်ခံစာအရ လူ ၃၁ ဦး သေဆုံးခဲ့မှုအပေါ် နိုင်ငံတကာမှ ဖိအား ပေးခြင်း ခံနေရပြီး စစ်အာဏာပိုင်တို့ တဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီမံချက်များကိုသာ  ဆက်လက်အကောင်အထည်ဖေါ် လုပ်ကိုင်နေသည်။ 

ထိုင်းစစ်တပ်က ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် သွေးထွက်သံယိုမှုမရှိဘဲ အာဏာသိမ်းခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ စစ်တပ်ခေါင်းဆောင်များသည်  အခြေခံဥပဒေရေးဆွဲပြီး ၎င်းအခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်၍ အရပ်သားအစိုးရကို တနှစ်အတွင်း အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး နောက်တနှစ် အတွင်း ယခုအရပ်သားအစိုးရသစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org