Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက (နအဖ)ကြေညာချက်ကို ကန့်ကွက်

ဖြိုးကြီး။ ဖေဖော်ဝါရီ ၁၂၊ ၂၀၀၇ 

(နအဖ)စစ်အစိုးရကြေညာချက်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ 

ပြည်သူ့ဆန္ဒမပါဘဲ ပြည့်သူ့ထောက်ခံပွဲပြုလုပ်ရန် စီစဉ်ခြင်းသည် ပြည်သူကို နောက်တကြိမ် စော်ကားခြင်းသာဖြစ်သောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ 

(နအဖ)စစ်အစိုးရ (၁/၂၀၀၈) နှင့် (၂/ ၂၀၀၈) ကြေညာချက်တို့သည် ပြည်သူများ၏ဆန္ဒအမှန် ကို မျက်ကွယ်ပြုကာ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ ပြုလုပ်နေပြီး ပြည်သူလူထုကို ဆင်းရဲနိမ့်ကျပြီး ဖိနှိပ်ညှဉ်းဆဲ သတ်ဖြတ်ရန်အတွက်သာဖြစ်သည်ဟု ဆက်လက်ဖော်ပြထား သည်။ 

စစ်အစိုးရထုတ်ပြန်လိုက်သည့် (၁/၂၀၀၈) သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ခြင်းကို ယခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် (၂/၂၀၀၈) မှာ ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။   

၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပါမည်ဟု ကမ္ဘာသိကြေညာခဲ့ သော ကတိစကားများကို မျက်ကွယ်ပြု၍ (နအဖ)စစ်အုပ်စုက နောက်ထပ်ရွေးကောက်ပွဲပြုလုပ် ခြင်းသည် တိုင်းပြည်အခြေအနေ ပိုမိုဆိုးရွားအောင် ပြုလုပ်နေခြင်းသာဖြစ်သောကြောင့် သံဃာ့ တပ်ပေါင်းစုကြီးအနေဖြင့် အပြင်းအထန် ကန့်ကွက်လိုက်ခြင်းအပါအ၀င် အဆိုပါကြေညာချက် တွင် အပိုဒ် (၈) ပိုဒ် ပါရှိသည်။    

ပြည်သူလူထုကြီးအား ဆင်းရဲကြပ်တည်းမှုအမျိုးမျိုးမှ ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားရန် ပြည်သူ့အခြေခံ အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုကြီးမှ ထုတ်ပြန်ခဲ့ သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org