Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရိုဟင်ဂျာများကို ဖမ်းဆီးပြီး အဆမတန်ငွေတောင်းယူနေ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၈၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ နစက (၅) မှ အာဏာပိုင်များက ရိုဟင်ဂျာများကို အကြောင်းအမျိုးမျိုးပြ အမှုဆင်ဖမ်းဆီးပြီး ငွေကြေးများ တောင်းယူလျှက်ရှိသည်။ 

၂၀၀၈ ခု နှစ်ဆန်းကတည်းက နစကယာယီအချုပ်ခန်းတွင် ရိုဟင်ဂျာ ၈၀ ကျော်ကို ဖမ်းဆီး ထားပြီး ငွေကြေးတောင်းယူနေခြင်းဖြစ်သည်။ 

ယခုလ (၄) ရက်နေ့တွင် အောက်ဖြိုးမရွာမှ ဖာယစ်ဇူ အစ္စလာမ်(၄၀ နှစ်)နှင့် မအဒူအစ္စလာမ် (၃၅ နှစ်) တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဖုန်းကိုင်ဆောင်မှုဖြင့် အမှုဆင်ရုံးတင်ရန် ဖမ်းထားပြီး ဆွေမျိုးများက စုဆောင်းရရှိသည့်ငွေ ကျပ်သိန်း ၄၀ ပေးပြီးနောက် ဖေဖေါ်ဝါရီလ(၅) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု အဖမ်းခံရသူ မအဒူအစ္စလမ်က ဆိုသည်။ 

“အချုပ်ခန်းဟာ ကြပ်ညှပ်နေအောင်ကို ကျဉ်းမြောင်းတယ်။ ထပြီးသွားရင် ပြန်ထိုင်ရဖို့တောင် အလွန်ခက်တယ်၊ အာဏာပိုင်တွေက ငွေကို တောင်းတယ်။ သူတို့တောင်းတဲ့အတိုင်း တတ်နိုင် တဲ့သူတွေကို လွှတ်ပေးပြီး မပေးနိုင်တဲ့သူတွေကို အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ဆက်ဖမ်း ထားတယ်”ဟု သူမက ဆက်ပြောသည်။ 

နစကအာဏာပိုင်များက ရဲအချုပ်ခန်းကို ပြောင်းမပေးဘဲ အမှုဆင်ရုံးတင်စစ်ဆေးသည့် အခါမှ သာ ပြောင်းပေးသည်ဟု ငခူရကျေးရွာမှ ရွာသားတဦးက ဆိုသည်။ 

ယခုလက်ရှိ ကကွပ်ပဂေါင်ရွာမှ အာရွတ်(၄၅ နှစ်)နှင့် လွတ်မန်း(၄၀နှစ်)တို့ကို နယ်စပ်ဖြတ်ကျော် ၍ လူကုန်ကူးမှုနှင့် သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးထားပြီး နစက(၅)တပ်မှူး ဗိုလ်မှူးကြည်လှိုင် က ကျပ် ၆ သိန်းပေးလျှင် လွှတ်ပေးမည်ဟုဆိုကြောင်း  ကာယကံရှင်၏ အကိုဖြစ်သူက ပြောသည်။ 

နစက (၅) တွင် တာဝန်ကျနေသည့် တပ်မှူး ဗိုလ်မှူးကြည်လှိုင်သည် လာဘ်ပေးလာဘ်ယူမှုတွင် နာမည်ကြီးလျှက်ရှိကြောင်း ၎င်းနစကအရာရှိများနှင့် နီးစပ်သည့်အသိုင်းဝိုင်းက ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org