Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက ဆက်လက်ဖမ်းဆီးထောင်ချနေဆဲဟု ကုလအရာရှိပြောဆို

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၆၊ ၂၀၀၈ 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြီး နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီး ထောင်ချနေဆဲပင်ရှိကြောင်း ကုလသမဂ္ဂ အရာရှိက ယနေ့ပြောဆိုခဲ့သည်။ 

လူ့အခွင့်အရေးချိုးဖောက်ကာ ဖမ်းဆီးနေမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ပေါ်လိုဆာဂျီရို ပင်ညဲရိုးက ဂျီနီဖာတွင် ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။  

နိုင်ငံတကာအသိအမှတ်ပြု လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ တရားရုံးတွေမှာ ရုံးတင်စစ်ဆေးရ မည့် ပြည်သူတို့၏ အခွင့်အရေးများကို “ကောက်ကျစ်ယုတ်မာသော စွပ်စွဲချက်” များဖြင့် တရားစွဲ ဆိုနေမှုများ ဆက်လုပ်နေခြင်းကို ရပ်တန့်ရန်နှင့် “(အကျဉ်းထောင်များအတွင်းမှ) အရေးပေါ် ဆေးကုသမှုခံရမဲ့သူများနှင့် အရေးတကြီးဆေး ကုသမှုပေးရမည့် အကျဉ်းသားများရဲ့ ကျန်းမာရေးအခြေအနေများဟာ အလွန်စိုးရိမ်စရာရှိနေကြောင်း ကျွန်တော်တို့မှာ သတင်းရရှိ ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ 

စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းပြီးနောက် သေဆုံးသူ၊ အဖမ်းခံရသူနှင့် ပျောက်ဆုံးသူများစာရင်း အတိအကျ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပင်ညဲရိုးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ 

အရေးအခင်းကာလအတွင်း ၁၆ ဦးသာ သေဆုံးသည်ဟု စစ်အစိုးရက ကြေညာခဲ့ပြီး ၎င်းကမူ သေဆုံးသူ ၃၁ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ကာ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း လူ ၃၀၀၀ မှ ၄၀၀၀ အထိ အဖမ်းခံရကြောင်း ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံအစိုးရများအနေဖြင့် အခြေခံလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေး ရန်နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရာတွင်  အဓိက တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည်ဟု ဆိုသည်။   

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှလည်း မစ္စတာ ပင်ညဲရိုးအား ၂၀၀၈ ခု၊ မတ်လတွင် ပြုလုပ်မည့် နောက်တကြိမ် (ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ)အစည်းအဝေးမတိုင်မီ မြန်မာ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးတင်ပြရန် တောင်းဆို ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org