Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နယ်မြေခံစစ်တပ်က ဒေသခံတိုင်းရင်းသားများကို ပိုမိုဖိနှိပ်လာ

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈ 

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်အစိုးရတပ်တွေက ဒေသခံ ပလောင်လူမျိုးများထံမှ မော်တော် ဆိုင်ကယ်နှင့် လူများကို အတင်းအကြပ် ခေါ်ယူခိုင်းစေခြင်းများ ပြုလုပ်လျှက်ရှိသည်။ 

ယခုလဆန်းပိုင်းလောက်မှစတင်၍ မန်တုံမြို့နယ် အနီးပတ်ဝန်းကျင်ရှိ ကျေကောင်၊ ဟိုတုံ၊ ကလန်ဂစီ၊ ခိုမုန် ရွာများမှ ဆိုင်ကယ်များနှင့် ပိုင်ရှင်များကို ခလရ (၁၃၀) မှ စစ်သားများက ၎င်းတို့သွားလိုသည့် နေရာများကို အခကြေးငွေ တစုံတရာပေးခြင်းမရှိဘဲ အတင်းအကြပ် ပေါ်တာခေါ်၍ လိုက်လံပို့ဆောင်ခိုင်းနေခြင်းဖြစ်သည်။ 

ထိုကဲ့သို့ အတင်းအဓမ္မ ခိုင်းစေမှုကြောင့် ရွာသားများမှာ မိမိတို့ပိုင်ဆိုင်သော ဆိုင်ကယ်များကို ဖွက်ထားကြရပြီး စိုးရိမ်ပူပန်နေရကြောင်း ခိုမုန်ရွာသားတဦးက “သူတို့က ကျနော်တို့ကို ဓါတ်ဆီလဲ မဖြည့်ပေးဘူး။ ဆိုင်ကယ်ကိုလည်း သူတို့က ယူထားပြီး ပျက်ရင်လဲ ဘယ်သူမှ မပြင်ပေးဘူး။ ဒီကြားထဲ သူတို့ခေါ်လို့လိုက်မပို့ရင်လည်း ရိုက်နှက်တာတွေ လုပ်သေးတယ်။ ဆိုင်ကယ်သော့ကိုတော့ သူတို့ပဲ ယူထားကြတယ်။ ဆိုင်ကယ်နဲ့ခရီးသွားရင်လဲ သူတို့ စစ်တပ် ဂိတ်တွေမှာ အခွန်ကောက် ငွေတောင်းတာတွေကိုလဲ လုပ်နေတယ်”ဟု ဆိုသည်။ 

မန်တုံအခြေစိုက် ခလရ (၁၃၀) မှ စစ်သားများသည် ပလောင်ပြည်သူ့လွတ်မြောက်ရေးတပ် (PSLA) လက်နက်အပ်ပြီးနောက်ပိုင်း ဒေသခံပလောင်တိုင်းရင်းသားများအပေါ် ယခင်ကထက် ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာခြင်းတို့ကြောင့် ၎င်းတို့၏ ဘ၀လုံခြုံမှုများ လျော့နည်းလာပြီး မိမိတို့ပိုင် ပစ္စည်းဥစ္စာများကိုပင် ကိုယ်တိုင်စီမံပိုင်ခွင့်များ မရှိတော့ကြောင်း ၎င်းဒေသခံက ဆက်ပြောဆိုခဲ့ သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org