Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား ရုံသွင်းပြသ

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၄၊ ၂၀၀၈ 

ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာဒုက္ခသည် လည်ပင်းရှည် ပဒေါင်လူမျိုးများကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားခရီးသွားဝင်ငွေအဖြစ် ရုံသွင်းပြသလျှက်ရှိသည်။ 

ထိုပဒေါင်အမျိုးသမီးများကို ထိုင်းနိုင်ငံတွင်ပင် ထိန်းသိမ်းထား ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အဓိကအခန်းကဏ္ဍမှ ဝင်ငွေရရှိနေသည့်အတွက် ယင်းကဲ့သို့ ပြသနေခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့ ထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားခြင်း ဖြစ်သည်။ 

၎င်းပဒေါင်မျိုးနွယ်စု အမျိုးသမီးများသည် မိရိုးဖလာအရ ယင်းတို့၏ လည်ပင်းတွင် သတ္တုကွင်း များ အဆင့်ဆင့် စွပ်ထား သောကြောင့် လည်ပင်းအရှည်ကြီးဖြစ်နေသဖြင့် သာမန်လူများ ထက် ထူးခြားနေကာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များက အထူးစိတ်ဝင်စားလျှက်ရှိသည်။ 

ကယန်း(ပဒေါင်လည်ပင်းရှည်)လူမျိုး အများစုသည် ကယားပြည်နယ်မှဖြစ်ပြီး ၎င်းတို့၏ ထူးခြားသည့် ဓလေ့ရိုးရာများကို လာရောက်ကြည့်ရှုသည့် နိုင်ငံခြားသား ခရီးသွားများအား ရိုးရာပစ္စည်းများရောင်းခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရပြီး ဘန်ကောက်နှင့် အခြားမြို့ကြီးများတွင် “လူသားတိရစ္ဆာန်ရုံ”ကဲ့သို့ ပြသခြင်းခံနေရသည်။ 

လွန်ခဲ့သော (၂) နှစ်က ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောဆိုရာတွင် ထိုင်းအာဏာပိုင်များက ကယန်းမျိုးနွယ်စု(ပဒေါင်) လူ ၂၀ ဦးကို ဖင်လန်နှင့် နယူးဇီလန်နိုင်ငံသို့ အခြေချနေထိုင်ရန် ထွက်ခွာမည့် အစီအစဉ်ကို တားမြစ်ထားခဲ့သည်။ 

ယခုကဲ့သို့ တိုင်းရင်းသားများကို ခုတုံးလုပ် ၀င်ငွေရှာနေခြင်းများကို ရပ်တန့်ကာ လာမည့်ဇူလိုင် လတွင် အာစီယနိုင်ငံများ၏ ဥက္ကဌသစ်ဖြစ်လာမည့် ထိုင်းနိုင်ငံအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေးမြှင့်တင်ဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သည့် အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက် ဖြေရှင်းပေးရန် ဥရောပသမဂ္ဂ(EU)က တိုက်တွန်းထားသည်။ 

မြန်မာနိုင်ငံစစ်အစိုးရအနေဖြင့်လည်း ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်အတွင်း တိုင်းရင်းသားကျေးရွာဟု ဆိုကာ ရန်ကုန်မြို့တဖက်ကမ်းရှိ သန်လျှင်မြို့တွင် နိုင်ငံခြားခရီးသွားဝင်ငွေရရှိရန် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org