|
မြန်မာနိုင်ငံပြောင်းလဲရေးအတွက် ထိုင်းကို (EU)တိုက်တွန်း
ဉာဏ်မောင်။ ဖေဖော်ဝါရီ ၈၊ ၂၀၀၇
ဥရောပသမဂ္ဂ(EU)အဖွဲ့မှ
အာစီယံနိုင်ငံများတာဝန်ကို ထမ်းဆောင်မည့် ထိုင်းအစိုးရသစ်အား
မြန်မာ့အရေးကို ကူညီဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။
အိမ်နီးချင်းမြန်မာနိုင်ငံတွင်
လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ကို နိုင်ငံတကာ
အသိုင်းအဝိုင်းနှင့်အတူ မြှင့်တင်ဆောင်ရွက်ရန်
ဥရောပသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးဖက်စီနိုက အင်္ဂါနေ့တွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
“ထိုင်းအစိုးရသစ်အနေနှင့်
မြန်မာနိုင်ငံပြဿနာများကို အပြုသဘောဖြင့် တိုးမြှင့်ဆောင်ရွက်ပေး ဖို့်
ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟု မစ္စတာ
ဖက်စီနိုက
ဆိုသည်။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင်
အာစီယံနိုင်ငံများ၏ ဥက္ကဌသစ်ဖြစ်လာမည့် ထိုင်းနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်သည့်
အဖွဲ့ဝင်နိုင်ငံတခုဖြစ်စေမည့် စည်းမျဉ်းချာတာများ
ထည့်သွင်းနိုင်ရေးအတွက် အရေးကြီးသော ကဏ္ဍများတွင် အဓိကအခန်း ကဏ္ဍမှ
ပါဝင်ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအုပ်ချုပ်နေသော
မြန်မာနိုင်ငံတွင် နှစ်အတော်ကြာ ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးပြဿနာ
ပိတ်ဆို့နေမှုတွင် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရေး
အတွက် တွန်းအားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အင်္ဂါနေ့ကတည်းက
မစ္စတာ ဖက်စီနို ထိုင်းနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ |