Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရဲတပ်ဖွဲ့က သေဆုံးသူမိသားစုကို ငွေကြေးအတင်းတောင်းယူမှုများ ပြုလုပ်နေ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် ရဲတပ်ဖွဲ့အာဏာပိုင်များက သေဆုံးသူနှစ်ဦး၏ မိသားစုများ ထံမှ အတင်းအဓမ္မ ငွေကြေးတောင်းယူမှုများ ပြုလုပ်ခဲ့သည်။ 

မောင်းတောမြို့နယ်၊ လုံးတုံကျေးရွာအုပ်စု၊ မဲဇင်ကျေးရွာမှ ဦးဇိုဟလီ၏သား မိုဟာမက်နျုရာ (အသက် ၅၀ နှစ်) သည် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီခန့်က တောင်ယာလုပ် ရန်အတွက် ခြုံရှင်းလင်းလုပ်ကိုင်နေစဉ် ဆင်ရိုင်းနင်း၍ သေဆုံးခဲ့ရပြီး အခြားရွာသားများမှာ  နျုရာကို ဘောလီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဇနီးဖြစ်သူက ပြောသည်။ 

ယင်းအလောင်းကို မီးသဂြုင်္ိလ်ဖို့အတွက် ရဲစခန်းကို ငွေ (၅၀၀၀၀ိ/-) ပေးရပြီး အလောင်းကို ခွဲစိတ်ဖို့အတွက် ဆရာဝန်ကို (၂၀၀၀၀ိ/-) ပေးခဲ့ရသည်။ သေဆုံးသူ၏ မိသားစုများမှာ အလွန် ဆင်းရဲသဖြင့် ငွေပေးဖို့အတွက် ၎င်းတို့ပိုင်ဆိုင်သော မြေယာများကို ရောင်းချပေးခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

အလားတူပင် ယခုလ (၂၁) ရက်နေ့၊ နေ့လည် (၂း၃၀) ခန့်က မောင်းတောမြို့နယ်၊ ဒိုဒန် အရှေ့ရွာမှ အဘ ဦးအီမန်ဟူစိန်၏ သားဖြစ်သူ မိုဟာမက်အာမင် (၃ နှစ်) သည် ပုဇွန်ကန် အနီးတွင် ကစားနေစဉ် ရေနစ်သေဆုံးသွားသဖြင့် ၎င်း၏အလောင်းကို မီးသဂြုင်္ိလ်ခွင့်ရရန် အတွက် ဘောလီဈေးရဲစခန်းအား ငွေ (၅၀၀၀၀ိ/) နှင့် ဘိလပ်မြေ ၁၂ အိတ် ပေးခဲ့ရသည်။  

“သူတို့က အလောင်းကိုပြန်ယူပြီး မီးသဂြုင်္ိလ်ချင်ရင် ဘိလပ်မြေ ၁၂ အိတ်နဲ့ ငွေငါးသောင်း ပေးလို့ ပြောတယ်၊ အဲဒါနဲ့ ကလေးအလောင်းကို ပြန်ယူဖို့ စုစုပေါင်း ငွေ (၁၈၂,၀၀၀ိ/) ပေးလိုက် ရတယ်၊ ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့မဟုတ်တော့ပဲ အကြောင်းမျိုးမျိုးပြငွေတောင်းတာ ဓါးပြထက်တောင် ဆိုးသေးတယ်” ဟု သေဆုံးသူ၏အဒေါ်က ပြောသည်။ 

မောင်းတောမြို့နယ် အာဏာပိုင်များက အကြောင်းမဲ့ငွေကြေးတောင်းယူမှုများကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်သို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဒေသခံ ရိုဟင်ဂျာများအပေါ် ပိုမိုအတင့်ရဲ လုပ်ဆောင်လာခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org