Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကလေးစစ်သားအသုံးပြုသည့်အဖွဲ့များကို အရေးယူရန် ကုလတိုက်တွန်း

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၁၊ ၂၀၀၈ 

ကုလသမဂ္ဂအကြီးအကဲက မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သားများ အသုံးပြုနေကြသည့် အဖွဲ့ ၁၂ ဖွဲ့ကို အရေးယူဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။  

၎င်းအဖွဲ့များအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ စီးပွားရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အင်္ဂါနေ့တွင် လုံခြုံရေး ကောင်စီသို့ အစီရင်ခံစာ တင်ပြခဲ့ခြင်းဖြစ်သည်။                      

မြန်မာနိုင်ငံတွင် ကလေးစစ်သားများ အတင်းအဓမ္မ ထမ်းဆောင်စေမှုနှင့်ပတ်သက်၍ အင်္ဂါနေ့က ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်သူ ၄၃ ဦးကို အရေးယူလိုက်ကြောင်းနှင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း မြန်မာစစ်တပ်သို့ စစ်မှုထမ်းရန်လာသည့် အသက်မပြည့်သေးသူ ကလေး ၇၉၂ ဦးကို မိဘများထံ ပြန်လည်စေလွှတ်ပြီးဖြစ်ကြောင်း စစ်ရေးချုပ် ဗိုလ်ချုပ် မြင့်အောင်က ကော်မတီအစည်းအဝေးတက်ရောက်သူများအား ပြောခဲ့သည်။ 

စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ကလေးစစ်သားစုဆောင်းနေခြင်းအချို့နှင့် ဤကဲ့သို့ လုပ်ဆောင်သူများအား ဥပဒေအတိုင်း အပြစ်ပေးနေမှုများကို ဖေါ်ပြထားပြီး ပြည်ပြေး အဆိုးမြင် ဝါဒီများက လုပ်ကြံ၍ နအဖစစ်တပ်တွင်း ကလေးစစ်သားများရှိနေသည်ဟု ပြည်ပမီဒီယာများနှင့် ပူးပေါင်းကာ မိမိတို့ကို တိုက်ခိုက်နေသည်ဟု ဥက္ကဌ စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်က ဆက်လက်ပြောကြားခဲ့ကြောင်း ရေးသားထားသည်။           

မြန်မာစစ်တပ်သည် နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် တိုက်ခိုက်ရာတွင် အသုံးပြု သော ကလေးစစ်သား ၇၀,၀၀၀ ကျော်ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့သောနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့်အပတ်က ရန်ကုန်၊ ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးအတွင်း ကလေးစစ်သားစုဆောင်း နေမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေတဦးက “ ကျွန်တော် ကလေးအမေတယောက်ကို မေးကြည့်တော့ ဈေးထဲကို ပုံမှန်လာနေတဲ့ တပ်ကြပ်ကြီးတယောက်က သူရဲ့ကလေးတွေကို တခြားကို ခေါ်သွားတယ်။ ကလေးတွေနဲ့ပတ်သက်ပြီး ဈေးလုံခြုံရေးကိုလည်း ပိုက်ဆံပေးသွား တယ်” ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသော ကလေးများကို လျှော်ကြေး(အခကြေးငွေ)မပေးဘဲ စစ်တပ်တွင် သုံးစွဲနေပြီး ကလေးငယ်များအား ရိုက်နှက်ခြိမ်းခြောက်၍ စစ်မှုထမ်းရန် စာရင်း သွင်းခိုင်းမှုများနှင့် ပွဲစားများက ငွေယူကာ ကလေးငယ်များအား စစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ် လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org