Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နအဖစစ်ဗိုလ်များ ရွာသားများထံမှ ငွေများ အဆမတန်တောင်းယူ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၆၊ ၂၀၀၈ 

ရခိုင်ပြည်နယ် နစက(၇)မှ အာဏာပိုင်များက ရွာသားများထံမှ သန်းနှင့်ချီသော ငွေကြေးများကို တရားမဝင် တောင်းယူလျှက်ရှိသည်။ 

နစက(၇)မှ တပ်မှူး ဗိုလ်ကြီးအောင်ထွန်းမြင့် ဦးဆောင်၍ ပတ်ဝန်းကျင်ရွာများကို နစကအဖွဲ့ဝင် များ လိုက်ပါ၍ ညသန်းခေါင်ယံအချိန်တွင်  အိမ်များကိုဝင်ရောက်ရှာဖွေစစ်ဆေးကာ  တရား မဝင် လက်ထပ်ထားသူများ၊ ဧည့်စာရင်းမတိုင်သူများကို ဖမ်းဆီးကာ ငွေကြေးများ တောင်းယူ နေခြင်းဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် မိုဘိုင်းဖုန်းကိုင်ဆောင်ထားသူများကိုလည်း အကြောင်းအမျိုးမျိုး ပြပြီး ဖမ်းဆီးကာ ဖုန်းမတွေ့ရှိသော်လည်း အလားတူမိုဘိုင်းဖုန်းတလုံးကို အစားထိုးပြီး ဖုန်းတွေ့ရှိသူဟုစွပ်စွဲကာ တရားမဝင်လုပ်ငန်းမသင်္ကာမှုဖြင့် ဖမ်းဆီးပြီး ငွေ (၅) သိန်းပေးမှ ပြန်လွှတ်ပေးခဲ့သည့်အပြင် အဖမ်းခံရသူတဦးလျှင် ကျပ် (၅) သိန်းမှ သိန်း (၂၀) ထိ တောင်းယူ ခြင်းများ ပြုလုပ်နေသည်။ 

ငွေကြေးမတတ်နိုင်သော သူများမှာ ထောင်ဒဏ် (၆) လခန့် အပြစ်ပေးခံရပြီး ၎င်းအရာရှိသည် ထိုဒေသမှ  မြန်မာကျပ်ငွေ ကုဋေ (၂၀) ကျော်ရရှိခဲ့ကာ ပြီးခဲ့သောနှစ်က ရန်ကုန်သို့ (၃) ကြိမ် ငွေများ ပြန်ပို့ခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှ ရွှေများဝယ်ယူ၍ ရန်ကုန်သို့ ပို့ပေးခဲ့သည်ဟု သူနှင့်နီးစပ်သူတဦးက ပြောသည်။ 

၎င်းတပ်မှူးသည် မောင်းတောမြို့နယ်အတွင်း နစက(၄)မှ နစက(၇)သို့ ၂၀၀၇၊ ဧပြီလက ပြောင်းရွှေ့လာသူတဦးဖြစ်ပြီး ရောက်ရှိလာကတည်းက နစက(၇) ဧရိယာအတွင်းရှိ ပန်းတင်း၊ ဒုညောင်ပင်ကြီး၊ ဒုချည်ယာတန်း၊ ဂေါဒသာယာ၊ ဘဂိုးနနှင့် ပန်းတော်ပြင် စသည့်ရွာများမှ ရွာသားများကို ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ခဲ့သည်။ 

ယင်းဒေသတွင်နေထိုင်ကာ တရုတ်ပတ်စ်ပို့ကိုင်ဆောင်ထားသူတဦးက သမီးရှိရာ အခြားမြို့ရွာ သို့ သွားလည်ခွင့်အတွက် ခွင့်ပြုချက်ရရန် အာဏာပိုင်တို့အား ငွေကြေးအမြောက်အများ လာဘ်ထိုးရသည်ဟု ဆိုသည်။ 

ထိုနစကဗိုလ်ကြီး အောင်ထွန်းမြင့်သည် လွန်ခဲ့သောအပတ်က နစက(၇)မှ နစက(၅)သို့ ပြောင်းရွှေ့သွားပြီဖြစ်ကာ နစက(၅)တွင် တာဝန်ကျနေသောသူများကလည်း နိုင်ငံခြားသား ပတ်စ်ပို့ (သို့ ) တရားမဝင် နေသူများထံမှ အကြီးအကျယ် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေ လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org