|
နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးမည်ဟုဆို
ဖြိုးကြီး။ ဖေဖော်ဝါရီ ၁၃၊ ၂၀၀၈
(နအဖ)စစ်အစိုးရနှင့် နီးစပ်သော
နိုင်ငံရေးပါတီတခုက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား
နိုင်ငံရေးအကျဉ်းသားများကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၆
လခန့်အလိုတွင် လွှတ်ပေး မည်ဟု ဆိုသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အထွေထွေအတွင်းရေးမှူး
ဦးခင်မောင်ကြီးက တနင်္လာနေ့တွင် ယခုကဲ့သို့
ပြောကြားလိုက်ခြင်းဖြစ်သည်။
(တစည)ပါတီရုံးခန်းတွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် “ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကတော့ ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲတုန်းကလို ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့
နောက်ထပ် တနိုင်ငံလုံးကျွတ် အနိုင်မရနိုင်တော့ပါဘူး” ဟု
ဦးခင်မောင်ကြီးက ပြောကြားခဲ့သည်။
စစ်အစိုးရ အရံအဖွဲ့အစည်းတခုဖြစ်သော
ကြံ့ဖွံ့အဖွဲ့သည် မကြာမီ နိုင်ငံရေးပါတီအသွင်ပြောင်း ၍ ၂၀၁၀
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းကို ၎င်းက
ဆက်လက်ပြောဆို ခဲ့သည်။
နအဖစစ်အစိုးရ၏ (၁/၂၀၀၈) နှင့်
(၂/၂၀၀၈) ကြေညာချက်များသည် ၂၀၀၃ခုနှစ် မေလ (ဒီပဲယင်း လုပ်ကြံမှု)
ပြီးနောက် နေအိမ်အကျယ်ချုပ်ကျခံနေရသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ
ပြုလုပ်ရန် ဖိအားပေးနေ သော နိုင်ငံတကာ၏တိုက်တွန်းချက်ကို
ရှောင်ရှားလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များ က ဆိုသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)သည် ၁၉၉၀ ခုနှစ်
အထွေထွေရွေးကောက်ပွဲ တွင် မဲ (၁၀) ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး
တနိုင်ငံလုံးတွင် မဲဆန္ဒ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည့် (NLD)ပါတီနှင့်
အဓိကပြိုင်ဖက်များ ဖြစ်သည်။ |