Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အာဏာပိုင်များပူးပေါင်း၍ လူကုန်ကူးမှုများ အကြီးအကျယ်လုပ်ဆောင်နေ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈

ရခိုင်ပြည်နယ် အာဏာပိုင်များက စက်လှေများဖြင့် တရားမဝင်လူကုန်ကူးနေမှုများကို တရားဝင် လုပ်ဆောင် လျှက်ရှိသည်။

ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန၊ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့၊ စရဖ(စစ်ထောက်လှမ်းရေး)နှင့် နယ်မြေခံ စစ်တပ်အာဏာပိုင်များက ပွဲစားများနှင့်ဆက်သွယ်၍ လူကုန်ကူးနေကြခြင်း ဖြစ်သည်။

ယခု လ(၂၀)ရက်နေ့ည ၁၁း၀၀ နာရီခန့်တွင် မိုဟာမက်ရှဖီ(အသက်-၃၅နှစ်)ဆိုသူက မလေးရှား သွားမည့် လူများကို လူတဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း တောင်းယူကာ အာဏာပိုင်များကို ပေးရပြီး   စက်လှေတစီးလျှင် လူ ၉၀ ဦး၊ ၁၀၀ ဦး၊ ၁၁၁ ဦး၊ ၁၀၅ ဦးနှင့် ၁၂၅ ဦးစီဖြင့် စုစုပေါင်း ၅၃၁ ဦးကို စက်လှေ ၅ စီးဖြင့်  တင်ဆောင်ကာ  စစ်တွေမြို့နယ် ဂွေးလရာရွာမှ မလေးရှားသို့ ပို့ဆောင်ပေးခဲ့ကြောင်း မျက်မြင်သက်သေတဦးက ဆိုသည်။     

ထို့အပြင် စစ်တွေမြို့ဒေသခံတဦးက “မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကလည်း မကောင်းပါဘူး။ ဘာကြောင့်များ လူတွေက ရခိုင်ပြည်ကနေ ထပ်သွားချင်နေကြသလဲ မသိ တော့ပါဘူး။ အစိုးရကလည်း တချက်တည်းနဲ့ နှစ်ကောင်ထိ အောင်လုပ်နေတာ၊ တရားမဝင် လာဘ်ပေး လာဘ်ယူ အပိုဝင်ငွေရကြသလို ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေကိုလည်း လျှော့ချပြီး သား ဖြစ်အောင်လုပ်နေတာ” ဟု ပြောသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င်သွားကြသူ အချို့မှာ မိသားစုလိုက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခွင့်မရပဲ တားမြစ်ခံထားရသူများကို စစ်တွေမှပွဲစားများနှင့် အာဏာပိုင်များက ဆက်သွယ်ပေးပြီး ပို့ဆောင်နေခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက လူကုန်ကူးမှုများ၊ လူမှောင်ခိုကူးသူများကို အရေးယူဆောင်ရွက်နေကြောင်း ကို သတင်းစာရှင်းပွဲများ တွင်တရားဝင် ပြောကြားနေသော်လည်း ယခုကဲ့သို့ နယ်စပ်ဒေသများရှိ အာဏာပိုင်များက လုပ်ဆောင်နေမှုများကို အရေးယူဆောင်ရွက်ခြင်း တစုံတရာ မရှိချေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org