|
ကုလကိုယ်စားလှယ် ဒေသတွင်းနိုင်ငံများတွင် မြန်မာ့အရေးဆွေးနွေး
ဉာဏ်မောင်။
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၈
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဗရာဟင်ဂမ်ဘာရီက၂၀၁၀
ခုနှစ် မြန်မာနိုင်ငံ၌ ပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲတွင်
ထည့်သွင်းသင့်သည်များကို သောင်္ကြာနေ့က အကြံပြုပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ
ဝင်ခွင့်မရအောင် စစ်အစိုးရက ပိတ်ထားမှုနှင့် ပတ်သက်၍
ကုလသမဂ္ဂကိုယ်စားလှယ်အနေဖြင့် ပထမဆုံး မှတ်ချက်ပေး
ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းက (စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော
အာစီယံ နိုင်ငံခြား ရေးဝန်ကြီးများ ဆွေးနွေးပွဲတွင်) နိုင်ငံခြားသားကို
လက်ထပ်ခဲ့သောကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင်ခွင့်ပြုမှာ
မဟုတ်ကြောင်းကို အတိအလင်းပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြော
ဆိုလိုက်ခြင်း ဖြစ်သည်။
ယခုလ ၂၂
ရက်နေ့က အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘန်ယူဒိုယိုနိုနဲ့ တွေ့ဆုံပြီး
သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဂမ်ဘာရီက “ကျွန်တော်တို့ဟာ အစိုးရရဲ့
မေလမှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်ပြီး ၂၀၁၀ မှာ ပါတီစုံ
ဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာခဲ့လို့ အလားအလာကောင်းသော
တိုးတက်မှုအဆင့် ရောက်တယ်လို့ ယုံကြည်စွာ ပြောဆိုခဲ့ကြပါ သေးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ရင်
အထူးဖိအားပေး ပြောဆိုရမဲ့ကိစ္စ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
မစ္စတာဂမ်ဘာရီသည် ၂၃ ရက်နေ့တွင် စင်င်္ကာပူနိုင်ငံသို့ရောက်ရှိခဲ့ပြီး
စကာင်္ပူနိုင်ငံခြားရေး ဝန်ကြီး ဂျော့ခ်ျယောင်းနှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ရှေ့ရှု၍
အခြေခံဥပဒေသစ်ကို “ယုံကြည်မှုရှိနိုင်ရန်နှင့် ပြင်ဆင်ဖြည့်စွက်ထည့်
သွင်းရ ဦးမည့်အချက်များရှိရမည်” ဟု စကာင်္ပူနိုင်ငံခြားရေးဝန်ကြီးက
တနင်္လာနေ့တွင် ပြောသည်။
မစ္စတာဂမ်ဘာရီသည် ဒေသတွင်းခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံမှ
စင်္ကာပူနိုင်ငံသို့ ဖေဖော် ဝါရီလ ၂၃ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး
အင်္ဂါနေ့ (ဖေဖေါ်ဝါရီ-၂၆)တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ |