Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(KNU)အထွေထွေအတွင်းရေးမှူး လုပ်ကြံခံရ၍ သေဆုံး

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈

ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ သေနတ်ထိမှန်၍ ယနေ့ညနေ (၄း၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ သည်။  

မဲဆောက်မြို့နေအိမ်တွင်ရှိနေစဉ် အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့ခြင်း ဖြစ်သည်။  

“လက်ထဲမှာ သစ်သီးခြင်းပါတယ်၊ သေနတ်သံကြားရ တယ်၊ နှစ်ချက်ပစ်တယ်၊ ကျနော့်ကို တစ်ချက် ပစ်တယ်၊ ကားနံပါတ်က (၄၂၅)၊ နက်ပြာရောင်ပါ၊ ကရင်လား၊ ဗမာလားတော့ မသိဘူး။ တယောက် ကတော့ ကရင်လိုပြောတယ်”ဟု (KNU)အတွင်းရေးမှူးရုံးအဖွဲ့ဝင် မျက်မြင်သက်သေက ပြောသည်။ 

ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကိုမူ မသိရသေးသော်လည်း ထိုင်း အာဏာပိုင်များက သဲလွန်စရှာဖွေကာ တရားခံများကို အပူတပြင်း ရှာဖွေနေဆဲဖြစ်သည်။ 

“SPDC က ကရင့်ခေါင်းဆောင်တွေကို လုပ်ကြံဖို့ စီမံချက်ရှိတဲ့သတင်း လွန်ခဲ့တဲ့ တလလောက် ကတည်းက ရထားတယ်။ လုံခြုံရေးမရှိချိန်လည်း ဖြစ်နေတယ်” ဟု (KNU) မှ ဖဒိုဇ်ာနောင်က ဆိုသည်။  

ညနေစာ ထမင်းစားပြီး အိမ်အပေါ်ထပ်တွင် အနားယူနေစဉ် သေနတ်သမားများက အိမ်ပေါ် တက်ကာ ပစ်ခတ်ခဲ့ပြီးနောက် နက်ပြာရောင်ကားဖြင့် ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။ 

ဖဒိုမန်းရှာလားဖန်သည် ကွယ်လွန်ချိန်တွင် အသက် (၆၄) နှစ်ရှိပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့ သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org