Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် အကြီးမားဆုံး မီးလောင်မှုဖြစ်ပွား

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၈ 

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံဈေးကြီးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဈေးရှိ ဆိုင်ခန်းအားလုံးနီးပါး မီးလောင်းကျွမ်းခဲ့သည်။

ရတနာပုံဈေးတွင် ဒေသစံတော်ချိန် မနက် (၈) နာရီဝန်းကျင်က စတင်၍ လောင်ကျွမ်းခဲ့ကာ အပျက်အစီးစာရင်း အတိအကျရရှိခြင်းမရှိသေးဘဲ နေ့လယ် (၂) နာရီကျော်အထိ မီး ဆက်လက် လောင်နေခဲ့သည်။  

မီးလောင်မှုအခြေအနေကို မန္တလေးမြို့ခံ မျက်မြင်သက်သေတဦးက “ဈေးတင်မကပါဘူး အပေါ် ထပ်က ရုံးခန်းတွေရော၊ ICT Park တွေရောဆိုရင် တော်တော်ကို ဆုံးရှုံးမယ်၊ သူတို့လည်း တတ်နိုင်သလောက်တော့ ငြိမ်းတာပဲ၊ ဒါပေမဲ့ ရေက အတွင်းထဲကိုရောက်နိုင်လောက်တဲ့ အခြေအနေမရှိဘူး၊ ဈေးဖွဲ့စည်းပုံက မီးသတ်ပိုက်နဲ့ အပြင်ဘက်က ပက်လို့မရတဲ့ နေရာတွေက များတယ်ဆိုတော့ ဆိုင်ခန်းတွေအားလုံး ပါကုန်ပြီ၊ ကာလတန်ကြေး ကုဋေပေါင်းများစွာ ဆုံးရှုံး နိုင်တယ်” ဟု ပြောသည်။ 

ဈေးအဆောက်အဦး၏ (၄) လွှာတွင် ICT Park မှ တည်ထောင်ခဲ့သော အင်တာနက်ချိတ်ထား သည့် အင်တာနက်ကဖီးနှင့် တရုတ်လူမျိုးအများစု ပိုင်ဆိုင်သည့် ကွန်ပျူတာသင်တန်းများ၊ အရောင်းစင်တာဈေးဆိုင်များ၊ ရုံးများနှင့် နယ်စပ်ကုန်သွယ်ရေးများနှင့် ချိတ်ဆက်ထားသော ပြည်တွင်းထုတ်ကုန် ရောင်းဝယ်ရေးစင်တာများ တည်ရှိပြီး တရားဝင်စာရင်းများအရ ဆိုင်ခန်း ပေါင်း ၁၅၄၂ ခန်းရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းတဦးက ဆိုသည်။ 

အဆိုပါမီးလောင်မှုတွင် သေဆုံးသူမရှိကြောင်းနှင့် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ မီးသတ်သမားများဖြစ်ကြောင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ 

ရတနာပုံဈေးသည် မန္တလေးဈေးချိုပြီးလျှင် ဒုတိယအကြီးဆုံးဈေးဖြစ်ပြီး ယခင် မြောက်ပြင်ဈေး ဟုလည်း ခေါ်သည်။ ၁၉၈၄ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့က မန္တလေးမြို့၌ အကြီးကျယ်ဆုံး လောင်ကျွမ်းခဲ့သော မီးထက် ဆုံးရှုံးမှုပိုများကြောင်း မျက်မြင်သက်သေများက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org