Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ငြိမ်းချမ်းရေးအဖွဲ့ဝင်များ KNU သို့ ပြန်လည်ရောက်ရှိလာ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဗိုလ်မှူးချုပ်စောဌေးမောင် ဦးဆောင်ပြီး ကရင် အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ပြီး  မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သည့် ငြိမ်းချမ်းရေး အဖွဲ့ဝင် (၈)ဦး ကရင်လွတ်မြောက်ရေး တပ်မတော်သို့ ပြန်လည်ရောက်ရှိလာသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တပ်ရင်း (၇၀၃) မှ တပ်ရင်းရုံးထိုင် ဗိုလ်ကြီးစောဆဲထီ ဦးဆောင်၍ (KNU) လက်အောက်ခံ (KNLA) တပ်မဟာ (၇)တွင် မိသားစုဝင် (၃၀) ကျော်တို့နှင့် အတူ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကရင့်တော်လှန်ရေးတပ်မတော်သို့ပြန်လည် ၀င်ရောက်လာသူများနှင့် ပတ်သက်၍ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက “အခုပြန်ရောက်လာသူတွေထဲမှာ တပ်ခွဲမှူး ပါတယ် တပ်ကြပ်ကြီး၊ ရဲဘော်တွေပေါ့။ မိသားစုဝင်တွေ အပါအ၀င် (၃၂) ယောက်လေ၊ သူတို့ က လာပူးပေါင်းတာ၊ အမျိုးသားတာဝန်ကို သိလို့ ပြန်လာတာ အရင်ကလိုပဲ သဘောထားတယ်၊ သူတို့က ဘာမှမသိဘူး ဌေးမောင်က ချမှတ်ထားတဲ့ မူဝါဒတွေကို  မလိုက်နာဘူး။ ဘာမှမတိုင် ပင်ပဲလုပ်သွားတာ သူတို့က တာဝန်ကို သိလို့ပြန်လာတာမမှားဘူး” ဟု ပြောသည်။ 

မကြာခင် ရက်ပိုင်းများအတွင်းကလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် တယောက်၊ နှစ်ယောက် ပြန်လာတာမျိုးလည်း ရှိခဲ့ပြီး ယခုဆိုလျှင် (KNU)သို့ ပြန်ရောက်လာသူ (၈၀)ကျော်ခန့် ရှိပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကိုယ့်သားသမီး ကိုယ်အိမ်ပြန်ရောက်လာသလို သဘောထားကာ KNU က ကြိုဆိုခဲ့ကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် မတရားသည့် လူတဖွဲ့ဖြစ်ပြီး တယောက်နှင့် တယောက် အထင် အမြင် မှားမှုတွေ ရှိကြောင်းနှင့်  ယခုကဲ့သို့ ပြန်ရောက်လာခြင်းအကြောင်းကို အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီးစောဆဲထီက “ကျနော့် မိဘကလည်း ဒီမှာပဲ ကေအန်ယူအဖွဲ့စည်းကပဲလေ၊ ကျနော်က လည်းဒီကပဲ ကျနော်က နည်းနည်းမှားသွားလို့ ငြိမ်းချမ်းရေးလုပ်သွားတဲ့သူက ခေါ်သွားတယ်။ သူခေါ်လို့ ကျနော်တို့ လိုက်သွားမိတယ်၊ အခုတော့ ကျနော် မိဘတွေဆီကိုပြန်ရောက်လာပြီ၊ ကျနော်မိခင် တပ်ရင်း KNU မှာပြန်လုပ်မှာပါ။ အရင်ကတော့ မှားခဲ့တယ် အခုကတော့ မှားမှန်း သိသွားပြီ  အဲဒီတော့ ကရင့်အမျိုးသားရေးကို ပြန်လုပ်တော့မှာပါ”  ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ  တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောဌေးမောင်နှင့် အဖွဲ့ကို နအဖ စစ်အစိုးရက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင်  ငြိမ်းချမ်းရေးအောင် ပွဲကြိုဆိုသည့်  အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးရွာတွင် ပြုလုပ်ပေးခဲ့သည်။ နအဖစစ်အစိုးရသတင်းတွင် ဗိုလ်မှူးချုပ် စောဌေးမောင်နှင့်အတူ KNLA (၃၀၉) ဦးနှင့် မိသားစု (၁၁)ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org