|
စစ်အစိုးရကြေညာချက်အပေါ် ၈၈ ကျောင်းသားများ သဘောထားထုတ်ပြန်
ဖြိုးကြီး။ ဖေဖော်ဝါရီ ၁၁၊ ၂၀၀၇
မြန်မာစစ်အစိုးရ ကြေညာချက်အပေါ် ၈၈
မျိုးဆက် ကျောင်းသားများက သဘောထားကြေညာ ချက်တစောင် ယမန်နေ့က
ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ (၉) ရက်နေ့ ရက်စွဲဖြင့်
နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး
လက်မှတ်ထိုး ထုန်ပြန်ကြေညာလိုက်သော (၁/၂၀၀၈) နှင့် (၂/၂၀၀၈) တို့နှင့်
ပတ်သက်၍ ယခုကဲ့သို့ သဘောထားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
နအဖစိတ်ကြိုက် ရေးဆွဲနေသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ဒီမိုကရေစီနည်းလမ်း တကျ
ရေးဆွဲထားခြင်းမဟုတ်သည့်အပြင် ပြည်သူတရပ်လုံးကို
ကိုယ်စားမပြုကြောင်းနှင့် ၉၀ ခု ရွေးကောက်ပွဲတွင် ပြည်သူက
ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ
ပါဝင်းခြင်းမရှိသောကြောင့် တရားမျှတမှုမရှိနိုင်ကြောင်း ၎င်းကြေညာချက်တွင်
ထည့်သွင်းရေးသားထားသည်။
မိမိတို့အနေဖြင့် မည်သည့် တဖက်သတ်
ချမှတ်ဖော်ဆောင်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုမျိုးကိုမှ လက်မခံဘဲ
အကြမ်းမဖက် လူထုလှုပ်ရှားမှုများဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်းကိုလည်း
ဆက်လက်ဖော်ပြထားသည်။
နအဖ ထုတ်ပြန်လိုက်သည့် (၁/၂၀၀၈) သည်
၅၄ ဦး ကော်မရှင်က ရေးဆွဲနေသော အခြေခံ မူကြမ်း
မကြာမီပြီးစီးတော့မှာဖြစ်ကြောင်းနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍
အတည်ပြု ခြင်းကို ယခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ကြောင်း
ကြေညာခြင်းဖြစ်ကာ (၂/၂၀၀၈) မှာ ဖြစ်ပေါ်လာသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည်ဖြစ်ကြောင်း
ကြေညာလိုက်ခြင်းဖြစ်သည်။ |