Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

တက္ကသိုလ်ကျောင်းသူတဦး မြွေကိုက်ခံရ၍ သေဆုံးရသည်မှာ အစိုးရအတွက် အလွန်အရှက်ရစရာကောင်းသည်ဟုပြော

ရိုးမ ၃။ သြဂုတ်၊ ၁၃၊၂၀၀၈

ယခုလ (၄) ရက်နေ့က နည်းပညာတက္ကသိုလ်ကျောင်းသူတဦး ကျောင်းဝင်းအတွင်း မြွေကိုက် ခံရ၍ သေဆုံးသွား ခြင်းမှာ စစ်အစိုးရအတွက် အလွန်ရှက်စရာကောင်းသည်ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် (ဗကသ) နိုင်ငံခြားရေးကော်မတီက ထုတ်ပြန်ပြောဆို လိုက်သည်။  

ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန်သည် ကျောင်းဝန်းအတွင်း စားသောက်ဆိုင်(Canteen) တွင်ထိုင်နေစဉ် မြွေကိုက်ခံရသည်ကို အချိန်မီ မြွေဆိပ်ဖြေဆေး ထိုးပေးနိုင်ခြင်း မရှိသည့်အတွက် ဆေးရုံပြောင်းရွေ့ပို့ဆောင်နေစဉ် သေဆုံးခဲ့ခြင်းနှင့် ပတ်သက် ၍ ယနေ့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

မမြတ်ဆုမွန် ယခုကဲ့သို့ သေဆုံးရခြင်းမှာ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တက္ကသိုလ်ဆေးရုံ၊ ဆေးခန်းများ မထားရှိခြင်းနှင့် ကျောင်းများကို ဝေးလံသီခေါင်သည့် အရပ်ဒေသများသို့ ပြောင်း ရွှေ့ဖွင့်လှစ်ထားခြင်းတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ 

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ (ဗကသ)နိုင်ငံခြားရေးရာကော်မတီတွဲဖက်တာဝန်ခံ ကိုဇင်မောင်က “တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရက တာဝန်ယူရမဲ့ကိစ္စတွေကို လျစ်လျူရှုထားလို့ အခုလို အသက်တချောင်း မသေသင့်ဘဲသေရတာ၊ ဒါဟာစစ်အစိုးက တက္ကသိုလ်တွေကို ဝေးလံတဲ့ အရပ်ဒေသတွေကို ပို့ထားခြင်းရဲ့နောက်ဆက်တွဲပါ၊ဒီဖြစ်ရပ်က နအဖစစ်အစိုးရရဲ့ လက်အောက် မှာ မပြည့်မစုံနဲ့ ပညာသင်ကြားနေရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ဘဝကို မီးမောင်းထိုးပြ လိုက်သလိုပါဘဲ” ဟု ပြောသည်။ 

စစ်အစိုးရအနေဖြင့် ကျောင်းသားများကို တနေရာတည်းတွင်စုစည်းသွားမည်ကို စိုးရိမ်သည့် အချက်ကြောင့် ကျောင်းများကို မြို့ပြင်တွင်ထုတ်ထားခြင်း၊ တက္ကသိုလ်များအတွက် လိုအပ် သည့် ဆေးရုံ၊ဆေးပေးခန်းများ မထားရှိခြင်းနှင့် တိုင်းပြည်အတွက် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများ မရှိခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်      ရေးသား  ဖော်ပြထားသည်။ 

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ကောလိပ်ကျောင်းများကို စစ်အစိုးရအာဏာပိုင်များက (၁၉၉၆)ခုနှစ် မှ စတင်၍ မြို့နှင့် အလွန်ဝေးသည့်နေရာများသို့ ပြောင်းရွေ့ခဲ့ခြင်းများကြောင့် ကျောင်းသား၊ ကျောင်းသူများမှာ သွားလာရေး၊ကျန်းမာရေး၊လုံခြုံရေး အဆင်မပြေမှုများနှင့် နေ့စဉ်တွေ့ကြုံ နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com