|
အဖမ်းဆီးခံကျောင်းသားများအတွက်
မိသားစုများက စိုးရိမ်နေ
ရိုးမ ၃။
သြဂုတ်၊ ၁၉၊ ၂၀၀၈
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ
ကျောင်းသားများကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက်
မိသားစုများက စိုးရိမ်ပူပန်နေကြသည်။
ယခုလ( ၇)
ရက်နေ့က စစ်ထောက်လှမ်းရေးနှင့် အာဏာပိုင်များက ကျောင်းသားများ နေထိုင်
သည့် ရန်ကုန်မြို့ရှိ နေအိမ်များကို
အတင်းဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးသွား ကြောင်း
(ဗကသများအဖွဲ့ချုပ်)က သတင်းထုတ်ပြန်ကြေညာလိုက်သည်။
ဖမ်းဆီးခံရသူများမှာ ဗကသများအဖွဲ့ချုပ်မှ
ကိုအောင်ကျော်(ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)၊ ကိုထိန်လင်း
(ရန်ကုန်ပညာရေးတက္ကသိုလ်)၊ ကိုချစ်ထွန်းလွင်(မအူပင်တက္ကသိုလ်)၊ ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့မှ မမာမာဦး၊ကိုမျိုးသန့်နှင့်
အခြားဧည့်သည် သုံးဦးတို့ဖြစ်သည်။
၎င်းတို့ကို
ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ (၁၁)ရက်ခန့် ကြာမြင့်ခဲ့သော်လည်း ယနေ့အထိ
မည်သည့်နေရာတွင် ထိမ်းသိမ်းထားကြောင်းနှင့် အသက်ရှင်လျှက်ရှိမရှိကို
မသိရပဲ အာဏာပိုင် များဘက်က တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း
ကြေညာချက်တွင် ဖော်ပြ ထားသည်။
ကျောင်းသားထုအကျိုး၊ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေကြသည့်
ကျောင်းသား လူငယ်များအား ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ်
(ဗကသများအဖွဲ့ချုပ်)အနေဖြင့် ၎င်းတို့၏ ကျန်းမာရေးနှင့်အသက်အန္တရယ်ကို
စိုးရိမ်နေရကြောင်း ဆက်လက်ဖော်ပြထားသည်။
စစ်အစိုးရအနေဖြင့် ဥပဒေနှင့်လူ့အခွင့်အရေးစံချိန်စံညွှန်းများကို
ချိုးဖောက်ကာ ကျောင်းသား များအား မတရား ဖမ်းဆီးနေမှုများကို
အမြန်ဆုံးရပ်တန့်ရန်နှင့် ဖမ်းဆီးထားသည့် ကျောင်းသား များကို
အမြန်ဆုံးပြန်လွှတ်ပေးရန်တို့ကို ၎င်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယခုကဲ့သို့
မတရားဖမ်းဆီးချုပ်နှောင် ခံထားရသူများ၏ ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ တစုံတရာ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက
(နအဖ)စစ်အစိုးရတွင် တာဝန်ရှိကြောင်းတို့ကိုလည်း ဖော်ပြထားသည်။ |