Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မြို့နယ်အာဏာပိုင်များအမိန့်ဖြင့် လယ်မြေများသိမ်းပိုက်ပြီးနောက် ပြန်လည်လုပ်ကိုင်ခွင့်ရရန် ငွေပေးနေရ 

ဖြိုးကြီး။ သြဂုတ် ၂၊ ၂၀၀၈ 

ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များအမိန့်ဖြင့် လယ်ယာမြေများ အတင်းအဓမ္မသိမ်းပိုက်မှုများ ပြုလုပ်နေပြီး ၎င်းလယ်မြေများတွင် ပြန်လည်လုပ်ကိုင်ရန်အတွက် ငွေကြေးများပေးနေရသည်။ 

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် ဦးဆိတ်ကျားရွာနှင့် ဒေါင့်ဒန်းရွာများမှ လယ်မြေ (၃၂.၆၆) ဧကကို ဇွန်လ (၂၃) ရက်နေ့မှစတင်ကာ သိမ်းဆည်းခဲ့ပြီး လယ်မြေများပြန်လည်ရရှိရေးအတွက် ဇူလိုင် (၁၂) ရက်နောက်ဆုံး ငွေပေးရမည်ဟု ခိုင်နှင့်မြို့နယ်အာဏာပိုင်များက အမိန့်ထုတ်ခဲ့ သည်ဟု ဒေသခံလယ်သမားတဦးကပြောသည်။  

“လယ်တွေသိမ်းဖို့ကို ခရိုင် (ခယက) ဥက္ကဌ ဦးလှဝင်းနဲ့ မြို့နယ် (မယက) ဥက္ကဌ ဦးခင်မောင်ထွဋ်တို့က အမိန့်ထုတ်ခဲ့တာ၊ အခုကျနော်တို့လယ်တွေလဲ အသိမ်းခံလိုက်ရတော့ အလုပ်လက်မဲ့တွေဖြစ်နေပြီ” ဟုပြောသည်။ 

မောင်းတောမြို့တွင်နေထိုင်သည့် ကျေးရွာ (ရယက) ဥက္ကဌ ဦးခင်မောင်သန်းက အသိမ်းခံရ သည့်လယ်မြေများတွင် ပြန်လည်လုပ်ကိုင်လိုပါက လယ်သမားတဦးလျှင် ငွေကျပ် (၂၀,၀၀၀) ပေးရမည်ဟုပြောဆိုကြောင်း ၎င်းကဆက်လက်ပြောသည်။ 

“ကျေးရွာ (ရယက) ဥက္ကဌ ဦးခင်မောင်သန်းနဲ့နီးစပ်တဲ့ လူတယောက်ပြောတာတော့ (၇၅) သိန်း ကောက်လို့ရတယ် ပြောတယ်၊ (ခယက)နဲ့ (မယက) ကို သိန်း (၆၀) ပေးရတယ်လို့ ပြောတယ်” ဟု ဒေသခံတဦးကပြောသည်။ 

အဆိုပါကျေးရွာနှစ်ရွာမှ လယ်သမားများမှာ ယခုအချိန်ထိ လယ်ယာမြေများ ထွန်ယက်နိုင်ခြင်း မရှိသည့်အပြင် လယ်ကွက်များပြန်ပေးမည်ကိုလည်း အတိအကျမသိရသေးကြောင်း ဒေသခံက ဆက်လက်ပြောဆိုခဲ့သည်။ 

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသများမှ လယ်မြေ၊ အိမ်ယာများကို စစ်အစိုးရ နှင့် နီးစပ်သည့်ကုမ္ပဏီများက သိမ်းယူမှုများပြုလုပ်နေလျှက်ရှိပြီး လွန်ခဲ့သည့်မတ်လအတွင်းက ငွေဆောင်ဒေသတွင်လည်း လယ်သမားများပိုင်ဆိုင်သည့် မြေဧက (၅,၀၀၀) ခန့်ကို ဗိုလ်ချုပ်ကြီးမောင်အေး၏ သမီးနှင့် သားမက်ဖြစ်သူ ဦးမင်းဇေယျာလှိုင်တို့က အတင်းအဓမ္မ သိမ်းယူမှုများ ပြုလုပ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com