Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နိုင်ငံရေးလုပ်ဆောင်သူများကို စစ်အစိုးရက သေးနုပ်သိမ်ဖျင်းအောင် လုပ်ဆောင်နေသည်ဟုပြော 

ဗထူး။ သြဂုတ် ၁၄၊ ၂၀၀၈ 

မိမိတို့ဆန္ဒအလျှောက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိရန် ကြိုးပမ်းအားထုတ်နေသူများ၏ ဆောင်ရွက်ချက်များကို စစ်အစိုးရအနေဖြင့် သေးနုပ်သိမ်ဖျင်းအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ယမန်နေ့က သဘောထားထုတ်ပြန်လိုက်သည်။ 

ညောင်တုန်းမြို့နယ်(NLD) ပါတီဝင် ကိုထွန်းထွန်းအား စစ်အစိုးရက စိတ်ရောဂါကုဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရှိခဲ့ပြီးနောက် (NLD)ပါတီက စစ်အစိုးရလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ထွက်ပေါ်လာသည်။ 

နိုင်ငံရေးလုပ်ဆောင်သူများကို စိတ်မမှန်သူများသဖွယ် စိတ်ဝေဒနာရှင်များထားရှိရာ စိတ်ရောဂါ ကုဆေးရုံသို့ ပို့ဆောင်နေခြင်းသည် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း တမျိုးဖြစ်သည်ဟု ဖော်ပြထားသည်။ 

စစ်အစိုးရအနေဖြင့် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ပြန်သွားပြီးနောက် အဘယ်ကြောင့် ပိုမို ဖမ်းဆီးနေသည်ကို တိကျစွာမပြောနိုင်သော်လည်း ယခုကဲ့သို့ ကိုထွန်းထွန်းအား ဖမ်းဆီးထား ခြင်းနှင့်ပတ်သက်၍ (NLD) ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက “နိုင်ငံရေးသမားတွေကို နည်းလမ်း ပေါင်းစုံနဲ့ နှိပ်ကွက်နေတဲ့အထဲမှာ ဒါဟာလည်း နှိပ်ကွက်မှုတမျိုးလို့ပြောချင်ပါတယ်” ဟုပြော သည်။ 

ကိုထွန်းထွန်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေး ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့သဖြင့် ကိုထင်ကျော်ပါ(၈) ဦးအား ဖမ်းဆီးခဲ့စဉ်ပါဝင်ခဲ့ပြီး အဆိုပါနှစ် သြဂုတ်လ (၂၆) ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ ရွှေရန်မြေ ဘုန်းကြီးကျောင်းတွင် ရဟန်းဝတ်ရန်သွားရောက်ခဲ့စဉ်ကလည်း ထပ်မံဖမ်းဆီးခံခဲ့ရ သည်။ 

နောက်ဆုံးအကြိမ်ဖြင့် သင်္ဃန်းဝတ်ဖြင့်ပင် ယခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး မည်သည့်အကျဉ်းထောင်ကိုမျှ ရောက်ရှိလာခြင်းမရှိပဲ စစ်ကြောရေးအချုပ်တွင်နေခဲ့ရပြီးနောက် စစ်အစိုးရက စိတ်ရောဂါကု ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က အတည်ပြုပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် ယခုရက်ပိုင်းအတွင်းကလည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) မှ ဦးမြင့်အေးနှင့် (NLD) ပါတီမှ ပြည်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးညီပုနှင့် ဒေါက်တာတင်မင်းထွဋ်တို့ နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းအား ပါဝင်လက်မှတ်ရေးထိုး ထားသဖြင့် စစ်အစိုးရ၏ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်နေခြင်းအား (NLD) ပါတီအနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com