|
အမေရိကန်သမ္မတဇနီးမောင်နှံ
ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အတိုက်အခံကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်
ဉာဏ်မောင်။
သြဂုတ် ၄၊
၂၀၀၈
ထိုင်းနိုင်ငံသို့ အလည်အပတ်လာမည့် အမေရိကန်သမ္မတနှင့် သမ္မတကတော်တို့သည်
မြန်မာ ဒီမိုကရေစီရေး အတိုက်အခံ ကိုယ်စားလှယ်များနှင့်
တွေ့ဆုံမည်ဖြစ်သည်။
လာမည့်ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိမည်ဖြစ်သည့် အမေရိကန်သမ္မတ ဘုရှ်က
နိုင်ငံရေးကိစ္စရပ်များ နှင့် ဥပဒေရေးရာကိစ္စများကို
အဓိကဆွေးနွေးမည်ဖြစ်ပြီး သမ္မတကတော် လော်ရယ်ဘုရှ်က
မြန်မာဒုက္ခသည်များအရေးနှင့် အမျိုးသမီးအခွင့်အရေးများအတွက်
အဓိကထားလုပ်ကိုင် ဆောင်ရွက်မည်ဖြစ်သည်။
အမေရိကန်
သမ္မတဂျော့ဘုရှ်သည် ဘန်ကောက်မြို့တွင် အာရှနိုင်ငံများအပေါ်ထားသော
အမေရိကန်နိုင်ငံ၏ ပေါ်လစီများကို မိန့်ခွန်းပြောဆိုပြီး
နေ့လည်ထမင်းစားချိန်တွင် ထိုင်းနိုင်ငံရှိ
ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့်
တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
သမ္မတကတော်
လော်ရယ်ဘုရှ်က ကရင်ဒုက္ခသည် (၄) သောင်းကျော်ရှိသည့် မဲဆောက်မြို့၊
မယ်လဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်းများသို့ သွားရောက်ကာ
ရွှေ့ပြောင်းမြန်မာပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကို
တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
မြန်မာပြည်၏
လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကွဲပြားခြားနားသောအမြင်များကို အမေရိကန်
အစိုးရမှ ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကာ
လွန်ခဲ့သော (၇) နှစ်ကတည်း က မြန်မာအစိုးရနှင့် ပူးတွဲဆက်ဆံရေးအပေါ်
ထိုင်းအစိုးရကို အမေရိကန်ကွန်ကရက်တွင် ပြစ်တင်ဝေဖန်လျှက်ရှိသည်။
ထိုင်းအစိုးရသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်
စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုဖြင့် အထောက် အပံ့ပေးနေလျှက်ရှိပြီး
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာလက်ထက်က နိုင်ငံတကာ
ဖိအားပေးဆောင်ရွက်မှုဒေသတွင်း လုံခြုံရေးတို့ကို ဂရုမစိုက်ဘဲ
မြန်မာနိုင်ငံနှင့် စီပွားရေးအရ တိုးမြှင့်ဆောင်ရွက်မှုများ
ပြုလုပ်ခဲ့သည်။
ထိုင်းအစိုးရ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒရေးရာနှင့်ပတ်သက်၍
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း နော့ပဒွန်ပတ်တမာက
မြန်မာပြည်သူများအလုပ်အကိုင်နှင့် စားဝတ်နေရေးများ အတွက်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ပြီးမှသာ ဒီမိုကရေစီရေးကို
ဆက်လက်လုပ်ဆောင် ရမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတအဖြစ်မှ အနားမယူခင်အချိန်အတွင်း မြန်မာပြည်သူတို့
လွတ်မြောက်မှုနှင့် လွတ်လပ်မှုတို့အတွက် ၎င်း၏သဘောထားကို
နိုင်ငံတကာအသိုင်းအဝိုင်းသို့ သိစေချင်သည့် အပြင် ကမ္ဘာ့ဒီမိုကရေစီနှင့်
လွတ်လပ်မှုတို့ တိုးတက်ရေးအတွက် တိုးမြှင့်ဆောင်ရွက်မည်ဟု ဆိုသည်။ |