Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ၅ ရက်ကြာ မြန်မာနိုင်ငံသို့သွားရောက်မည် 

ဉာဏ်မောင်။ သြဂုတ် ၁၊ ၂၀၀၈ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်သည် ယခုလ (၃) ရက်မှစတင်ကာ ၅ ရက်ကြာ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ 

လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဂျာ ကွန်တာနာသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး လေးစားလိုက်နာမှုအခြေအနေ တိုးတက်ရေးကို ရည်ရွယ်ကာ သွားရောက်မည်ဖြစ် သည်။

မစ္စတာ ကွန်တာနာသည် စစ်အစိုးရခေါင်းဆောင် များနှင့် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးရေးများ လုပ်ဆောင်ရန် ၅ ရက်ကြာ အလည်အပတ်သွားရောက်လိမ့်မည်ဟု ကုလသမဂ္ဂမှ ယနေ့ ထုတ်ပြန်ကြေညာသည်။ 

မြန်မာနိုင်ငံတွင်း မစ္စတာကွန်တာနာရှိစဉ်တွင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များနှင့်လည်း တွေ့ဆုံ ရန် တောင်းဆိုထားသည်။ 

မေလအတွင်းကဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ်ဒေသ၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုလည်း သွားရောက်ကာ လူ့အခွင့်အရေးကိစ္စရပ်များကို လွတ်လပ်စွာ ဆောင်ရွက်ပြီးနောက် မစ္စတာ ကွန်တာနာသည် ဂျနီဗာရှိ ကုလသမဂ္ဂရုံးချုပ်သို့ ပြန်လည်အစီခံရမည်ဖြစ်သည်။    

မြန်မာ့နိုင်ငံရေးအခြေအနေများကို စစ်အစိုးရအပါအဝင် တိုင်းရင်းသားပါတီများ၊ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံရန် ကုလအထူးကိုယ်စားလှယ်နောက်တဦးဖြစ်သူ မစ္စတာ ဂန်ဘာရီ သည်လည်း ယခုလအလယ်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။  

မစ္စတာ ဂန်ဘာရီသည် မေလအတွင်းက မြန်မာနိုင်ငံသို့သွားရောက်ရန်ရှိသော်လည်း သိန်းနှင့်ချီ သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းကြောင့် သူ၏ခရီးစဉ်ကို ဖျက်ခဲ့ပြီးနောက် ယခုလလယ်တွင် မြန်မာနိုင်ငံသို့ စတုထ္ထအကြိမ် သွားရောက်ခြင်းဖြစ်သည်။ 

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက သံဃာနှင့်ပြည်သူလှုပ်ရှားမှုကြီးအား စစ်အစိုးရက အကြမ်းဖက် ကိုင်တွယ်ခဲ့ခြင်းကြောင့် မစ္စတာ ဂန်ဘာရီိသည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံရေးအခြေအနေကို တင်သွင်းခဲ့သည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကွန်တာနာသည် (မဆလ)တပါတီစံနစ်အား လူထုအားဖြင့် ဖြိုချခဲ့သည့် ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုကြီး နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ သြဂုတ်လ (၇) ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com